လုံခြုံရေးကောင်စီမှာ မြန်မာ့ကိစ္စအရေးယူဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ

 မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အဖွဲ့ဝင်နိုင်ငံအားလုံးက အပြည့်အဝ ထောက်ခံကြဖို့ ဒီကနေ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Chinristine Burgener က ပြောကြားလိုက်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ကြမ်းဖက်ဖြိုခွင်းမှုတွေ ရပ်အောင်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်လို့ လုံခြုံရေးကောင်စီကနေ အရေးယူဖို့ ဒီကနေ့ တိုက်တွန်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

“လုံခြုံရေးကောင်စီအနေနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအပေါ် အခိုင်အမာ ပြတ်ပြတ်သားသား သတိပေးဖို့၊ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်မှုကို ပြသဖို့၊ နိုဝင်ဘာရွေးကောက်ပွဲမဲရလဒ်ကို ထောက်ခံဖို့ အရေးကြီးပါတယ်” - လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ တံခါးပိတ်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

“စုပေါင်းအရေးယူမှုလုပ်ဖို့လည်း အရေးကြီးပါတယ်။ မြန်မာစစ်တပ်ကို (ဒီပြစ်မှုတွေကနေ) ဘယ်အချိန်ထိ ကင်းလွတ်ခွင့် ကျမတို့ ပေးထားဦးမှာလဲ” - လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Burgener က မေးခွန်းထုတ်ခဲ့ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

လုံခြုံရေးကောင်စီမှာ မြန်မာ့ကိစ္စအရေးယူဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တိုက်တွန်း လုံခြုံရေးကောင်စီမှာ မြန်မာ့ကိစ္စအရေးယူဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တိုက်တွန်း Reviewed by THITHTOOLWIN on 00:03 Rating: 5

No comments:

Powered by Blogger.