ကလေးမြို့ရဲ့ အခြေအနေ












ကလေးမြို့မှာ ကျဥ်ဆန်အစစ်နဲ့ပစ်လို့

ဒဏ်ရာရသူတွေရဲ့ လက်ရှိအခြေအနေ ...

မှန်တာ ၅ ဦးမှာ ၃ ဦးက ခြေထောက်

ကျန် တစ်ဦးက ဗိုက်ထိတယ်.. အူထိထားတာ..

နောက်ဆုံး တဦးက ရင်ခေါင်းမှန်ထားတယ် 

၂ ချက်မှန်ထားတဲ့ ကလေးက မျှော်လင့်ချက်

၅၀ / ၅၀ ပဲရှိတယ်။ 

သွေးပေါင်ကျနေတယ်

အောက်စီဂျင် ၆၅ ဝန်းကျင်ပဲ..

ရင်ခေါင်းမှန်တာဖြစ်လို့ မန်းကို ပို့မှရမယ့်

အခြေအနေဖြစ်နေတယ်။

ပစ်တဲ့တပ်က ဖောင်းပြင်တပ် တပ်ရင်း ၃၆၈

ဒီနေ့ ပစ်ခတ်မှုမှာ ကိုယ်တိုင်ကူညီပေးခဲ့တဲ့

ပရဟိတ အကိုတစ်ယောက် ကြုံခဲ့ရတဲ့ အခြေအနေပါ။

အရမ်းစိတ်မကောင်းဖြစ်ရပါတယ်

ဆေးခန်းမှာ အကူသွားပေးတယ် မျက်ရည်ယိုဗုံးဒဏ်ကြောင့် ကုတင်ပေါ်လှဲနေတဲ့ ညီငယ်နှစ်ဦးမှာ တစ်ဦးက တိုက်ရိုက်ထိမှန်ပြီး အလွန်မူးဝေနေတယ် တစ်ဦးကတော့ ဆေးသွင်းရင်း နာရီဝက်လောက်ကြာပြီးတော့ သူ့အမေလာကြိုပြီး မချိပြုံးလေးနဲ့ သူ့အမေနောက်က အထုတ်လေးပိုက်ပြီး သွားပြီနောအကို တဲ့ ကိုယ်လဲ အေး အေး နားနားနေနေနေပါ လို့ပြောရင်း စိတ်ထဲမှာ ကလေးတွေအတွက်လဲ ဂုဏ်ယူ အထိခိုက် ကြီးကြီးမားမားမရှိလို့ ဝမ်းသာနေတယ်။မည်သူမျှ ဘာမဖြစ်ပါစေနဲ့ နှစ်ဖက် နားလည်မှု ရကြပါစေဆိုပြီး ဆုတောင်းနေမိတယ်။

ကျုပ်စိတ်ကူးနဲ့ ဆုတောင်းအဆုံးမှာပဲ

ဖြောင်း........

ပစ်ပြီထင်တယ်ဟေ့ 

စေတနာ့ဝန်ထမ်း ညီငယ်တွေနဲ့အတူ ဆေးခန်းအပြင် ထွက်ကြည့်ကြတယ်။ ဘာမှ ဆက်မကြားရတော့ ဘယ်ကလဲ ဘာလဲပေါ့။အနည်းငယ်အကြာ

ဖြောင်းဖြောင်းဖြောင်း........

အတွဲလိုက်ပစ်တဲ့အသံ ကြားရပါရော။အဲ့အသံနဲ့အတူ သဓ္ဓမပါလ ဆွမ်းလောင်းအသင်း ဓမ္မာရုံရဲ့ ထီးတော်(သို့မဟုတ်) ပြဿဒ်ကို ပြင်းထန်တဲ့ အရာဝတ္ထုငယ်နှစ်ခုနဲ့ ထိခိုက်မိသံအတူ ဟောင်ကောင်(3)ဆိုင်ဟောင်းရဲ့ ပိတောက်ပင်ထဲကို အရှိန်ပြင်းပြင်း ဖြတ်ပြေးသံတွေကြားလိုက်ရတယ်။ ကျည်ဆံက ဒီထိရောက်တယ်ဟေ့ အကာကွယ်ယူကြလို့ အော်လိုက်မိတယ်။

များမကြာခင်မှာပဲ သပိတ်အဖွဲ့ကြီးရှိရာ လမ်းကို ကြည့်လိုက်တော့ လူမှုရေးအသင်းရဲ့ ကားဝါယာလက်သံနှင့်အတူ အရှိန်မှန်မှန် မောင်းလာသော လူနာတင်ကား ထိတယ်ထိတယ် ကူသယ်ပါအုန်းလို့ အော်သံအဆုံး မိမိပါ ကားစီအပြေးရောက်သွားတယ်။

ဗိုက်ကို ထိမှန်တဲ့ညီငယ် အူတွေပါထွက်နေတယ်။ သူနဲ့ မရှေးမနှောင်း နောက်တစ်စီး ရောက်လာတယ်။ ဘယ်ဖက် ဂျိုင်းအောက်မှာ ဒဏ်ရာကြီးနဲ့ ပါးစပ်မှာလဲ သွေးတွေ အရမ်းထွက်နေတယ်။ အဆုတ်ကိုပါ ထိထားလို့လေ ။ အဲ့နောက် ပေါင်(သွေးကြောပြတ်)ထိပြီး ရောက်လာတဲ့ညီငယ်။ နောက်ပိုင်း ခြေသလုံး၊ရင်ဘတ်၊ခြေကျင်းဝတ် နေရာအစုံထိမှန်တဲ့ ညီငယ်ပေါင်းများစွာ ရောက်ရှိလာတယ်။ ကျည်အစစ်တွေနဲ့ ပစ်ခံရတာပါ။ လူနာသယ်ရတာဆိုတော့ ဓာတ်ပုံ မှတ်တမ်း မတင်နိုင်ခဲ့ဘူး။

အားလုံးအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ဒဏ်ရာရ လူငယ်တွေကို လာရောက် ကုသပေးကြတဲ့ ဆရာဝန်၊ဆရာမ၊သူနာပြုများကိုလဲ အထူးကျေးဇူးတင်ပါတယ်။အရေးကြီး လူနာများကိုလဲ ၎င်းတို့အတွက် လိုအပ်တဲ့ ဆေးဝါးကုသရန်အတွက် လုံခြုံသောနေရာကို ပို့ဆောင်လိုက်ပါပြီ။

သတင်းပေးသူတွေရဲ့ အမည်တွေ မဖော်ပြချင်လို့ 

credit ပဲ သုံးပါသည်။

အများပြည်သူသိရှိစေရန်
ဖော်ထုတ်ဖြန့်ဝေအပ်ပါသည်။
YNHT(KOREA)🇰🇷
ကလေးမြို့ရဲ့ အခြေအနေ  ကလေးမြို့ရဲ့ အခြေအနေ Reviewed by THITHTOOLWIN on 02:38 Rating: 5

No comments:

Powered by Blogger.