ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ အမေရိကန် တောင်းဆို

AP သတင်းထောက် ကိုသိန်းဇော်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းရာက ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။

အမေရိကန် သတင်းဌာနတခုဖြစ်တဲ့ AP သတင်းထောက် ကိုသိန်းဇော်နဲ့ နောက်ထပ်သတင်းသမား ၅ ယောက်ကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံရမှု များလာတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေကို ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက နောက်ထပ် အရေးယူနိုင်မယ့် နည်းလမ်းတွေကိုလည်း စဉ်းစားနေကြောင်း ပြောဆိုခဲ့ပေမဲ့၊ မြန်မာပြည်သူတွေ မထိခိုက်အောင် ကြိုးပမ်းမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-demand-to-release-arrested-myanmar-journalists/5801060.html

ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ အမေရိကန် တောင်းဆို ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ အမေရိကန် တောင်းဆို Reviewed by THITHTOOLWIN on 08:28 Rating: 5

No comments:

Powered by Blogger.