မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေး အရေးကြီးကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီးချုပ် ပြော

မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေး အရေးကြီးကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီးချုပ် ပြော မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဦးစီးချုပ်များ အွန်လိုင်းအစည်းအဝေးကို ၂၀၂၁ မတ်လ ၁၈ ရက်နေ့ကပြုလုပ်စဉ်

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းတာတွေ အခြေအနေ ပိုဆိုးလာတဲ့အတွက် အထူးပဲ စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီးချုပ် ဟာဒီ တာဂျာဂျန်တိုက ပြောလိုက်ပါတယ်။ မတ်လ ၁၈ ရက်နေ့ကပြုလုပ်တဲ့ မြန်မာ အပါအဝင် အာဆီယံနိုင်ငံတွေက ကာကွယ်ရေး ဦးစီးချုပ်များ အွန်လိုင်းအစည်းအဝေးမှာ ပြောလိုက်တာပါ။

အင်ဒိုနီးရှား စစ်တပ်အနေနဲ့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံမှာ ပရော်ဖက်ရှင်နယ် တပ်မတော်တစ်ရပ် တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ အသင့်ပါပဲလို့ သူက ပြောတဲ့အကြောင်း Benar news သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးအစည်းအဝေး တစ်ရပ်ကျင်းပပြီး၊ စစ်တပ်က ထိန်းသိမ်းထားတဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အနိုင်ရပါတီဝင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ကြေငြာချက် ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အာဆီယံနိုင်ငံတွေက ဝါရင့်နိုင်ငံရေးသမားတွေ ပူးပေါင်းထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာတော့ အာဆီယံအဖွဲ့ကြီးအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို လျှစ်လျူရှုပြီး၊ မြန်မာ နိုင်ငံမှာဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ ဖေဖော်ဝါရီ လ ၁ရက် မတိုင်ခင်က နိုင်ငံရေးအခြေအနေကို ပြန်ရောက်အောင် လုပ်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစား အသိအမှတ်ပြုဖို့၊ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ စတဲ့အချက်တွေကို ပြတ်ပြတ်သားသား တောင်းဆိုချက် ထုတ်ပြန်ပေးဖို့ အာဆီယံ အဖွဲ့ကြီးကို တောင်းဆို ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/indonesian-air-force-commander-in-chief-says-burmese-people-safety-important-03192021000501.html

မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေး အရေးကြီးကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီးချုပ် ပြော  မြန်မာပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေး အရေးကြီးကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီးချုပ် ပြော Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.