![]() |
မတ်လ ၁၄ ရက်နေ့က မန္တလေးမြို့မှာ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦး MPACopyright: MPA |
မန္တလေးမြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲက ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
မတ်လ ၁၅ ရက် မနက်ပိုင်း မြရည်နန္ဒာ ရပ်ကွက်မှာ အထိုင်သပိတ်ပြုလုပ်နေစဥ် စစ်တပ်နဲ့ ရဲဘက်က ဝိုင်းလာကာ ရပ်ကွက်အတွင်း ပစ်ခတ်တာတွေပြုလုပ်ခဲ့တာလို့ လည်းဒေသခံတွေဆီက သိရပါတယ်။
ဒဏ်ရာရ သူတွေလည်းရှိတယ်လို့သိရပြီး လက်ရှိအချိန်မှာ ကျည်ထိမှန်လို့ ဝမ်းဗိုက်နဲ့ လက်တွေပါ ဒဏ်ရာရသူ ၁၀ ဦးရှိပြီး ဖမ်းဆီးခံရသူက ၃ ဦးထက်မနည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ခန့်ထားတဲ့ သင်ပန်းကုန်း အုပ်ချုပ်ရေးမှူးအိမ်ကို သပိတ်အကြောင်း သတင်းသူလျိုပြုလုပ်လို့ ဆိုကာ ပြည်သူတွေက ဝိုင်းထားတာကို စစ်တပ်နဲ့ရဲတပ်အဖွဲ့က ပစ်ခတ်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီရပ်ကွက်ထဲမှာ ရဲ နဲ့ စစ်သားတွေ ဆက်လက် တပ်စွဲ ပြီးဝိုင်းထားတယ်လို့ဒေသခံတွေကပြောပါတယ်။
BBC Burmese

No comments:
Post a Comment