တပ်မတော်နေ့ ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေကိုယ်တိုင်အရှက်တကွဲ ဖြစ်စေတယ်လို့ ဗြိတိသျှသံအမတ်ပြော


ဒီကနေ့ တပ်မတော်နေ့ ဆန္ဒပြမှုတွေကို နိုင်ငံတစ်ဝန်း ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတွေသေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီးဗြိတိသျှသံအမတ် ဒန်ချက်ကကြေညာချက်ထုတ်ခဲ့ပါတယ်။

"မြန်မာ့တပ်မတော်နေ့မှာ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်နေခြင်းအားဖြင့် လုံခြုံရေးတပ်ဖွဲ့‌တွေဟာ ၎င်းတို့ကိုယ်တိုင် အရှက်တကွဲအကျိုးနည်းဖြစ်‌စေခဲ့ပြီ ဖြစ်ပါတယ်။ ကလေးသူငယ်တွေအပါအ၀င် အပြစ်မဲ့ပြည်သူ အမြောက်အများအသက်ဆုံးရှုံး‌နေရပါတယ်။

စီးပွားရေးအကျပ်အတည်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာပဲ ဒီနေ့ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားနဲ့ တရားလက်လွတ်သတ်ဖြတ်နေတဲ့လုပ်ရပ်တွေဟာ စစ်တပ်ရဲ့ ဦးစားပေးကိစ္စတွေ ဖြစ်ကြောင်း အထင်အရှားသက်သေခံလျက်ရှိပါတယ်။" - ဗြိတိသျှသံအမတ် ဒန်ချက်

"On Myanmar’s Armed Forces Day, the security forces have disgraced themselves by shooting unarmed civilians. Dozens of innocent people have reportedly been killed, including children.

"At a time of economic crisis, Covid, and a worsening humanitarian situation, today’s military parade and extra-judicial killings speak volumes for the priorities of the military junta." - British Ambassador Dan Chugg


BBC Burmese

https://www.bbc.com/burmese/live/burma-56331237


တပ်မတော်နေ့ ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေကိုယ်တိုင်အရှက်တကွဲ ဖြစ်စေတယ်လို့ ဗြိတိသျှသံအမတ်ပြော တပ်မတော်နေ့ ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေကိုယ်တိုင်အရှက်တကွဲ ဖြစ်စေတယ်လို့ ဗြိတိသျှသံအမတ်ပြော Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.