ရန်ကုန်မြို့မှာ ထဘီတန်းလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့မှာ ထဘီတန်းလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့က တချို့နေရာတွေမှာ ရဲတပ်ဖွဲ့တွေ ဝင်ရောက်မလာနိုင်အောင် လမ်းတွေမှာ ကြိုးတွေတန်းပြီး၊ အမျိုးသမီးထဘီတွေ လှမ်းထားကြတဲ့ ထဘီတန်းလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပါတယ်။

မြန်မာ့ရိုးရာဓလေ့အရ အမျိုးသားတွေ ထဘီတန်းအောက်ဝင်မိရင် ဘုန်းနိမ့်တတ်တယ်ဆိုတဲ့ ရိုးရာယုံကြည်မှုတခုကို အသုံးပြုပြီး၊ သပိတ်ကို ဖြိုခွဲမယ့် ရဲတပ်ဖွဲ့တွေ မဝင်ရောက်ရဲအောင် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ရိုးရာယုံကြည်မှုတခုကို လူထုသပိတ်မှာ အောင်အောင်မြင်မြင် အသုံးချလိုက်တဲ့ စိတ်ကူးနဲ့ ဆောင်ရွက်ချက်အပေါ်  မြန်မာလူထုက ချီးမွမ်းခဲ့ကြသလို၊ နိုင်ငံတကာကလည်း အံ့ဩသွားခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

ရန်ကုန်မြို့မှာ ထဘီတန်းလှုပ်ရှားမှု ပြုလုပ် ရန်ကုန်မြို့မှာ ထဘီတန်းလှုပ်ရှားမှု ပြုလုပ် Reviewed by THITHTOOLWIN on 07:13 Rating: 5

No comments:

Powered by Blogger.