တပ်မတော်နေ့အခမ်းအနား အနောက်နိုင်ငံတွေမတက်၊ ရှစ်နိုင်ငံက စစ်သံတွေ တက်ရောက်ခဲ့တယ်လို့ဆို

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ဒီမိုကရေစီ အနောက်နိုင်ငံတွေ အများအပြား မတက်ရောက်ခဲ့ကြဘူးလို့ Nikkei Asia သတင်းမှာဖော်ပြထားပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးလေ့ရှိတဲ့ ရုရှားနဲ့ တရုတ် နိုင်ငံတို့အပြင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ့်တို့နဲ့ အာဆီယံနိုင်ငံတွေထဲက ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့က စစ်သံတွေ အခမ်းအနားတက်ရောက်ခဲ့တယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီအခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်ခဲ့တဲ့ ရုရှားနိုင်ငံကို မိတ်ဆွေနိုင်ငံအဖြစ် ကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။

ဒီအခမ်အနားမတိုင်မီက ဂျပန်သံရုံးအပါအဝင် ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က တပ်မတော်နေ့ကို တက်ရောက်ဖို့ ဖိတ်ကြားခံရပေမဲ့ မတက်ရောက်ဘူးလို့ ထုတ်ပြောထားကြတာတွေ ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

တပ်မတော်နေ့အခမ်းအနား အနောက်နိုင်ငံတွေမတက်၊ ရှစ်နိုင်ငံက စစ်သံတွေ တက်ရောက်ခဲ့တယ်လို့ဆို တပ်မတော်နေ့အခမ်းအနား အနောက်နိုင်ငံတွေမတက်၊ ရှစ်နိုင်ငံက စစ်သံတွေ တက်ရောက်ခဲ့တယ်လို့ဆို Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.