ဖားကန့် ဆိုင်း​​​တောင် ဆိပ်မူ​ကျေးရွာတွင် ရဲကား ၃စီးမိုင်းခွဲခံရ



ကချင်ပြည်နယ် ဖားကန့် ဆိုင်း​တောင် ဆိပ်မူ​ကျေးရွာတွင် ညနေ၄နာရီခွဲခန့်တွင် လုံခြုံရေးရဲကားများ မိုင်းခွဲခံရကြောင်း သတင်းရရှိသည်။

ဖားကန့် စစ်​ကောင်စီလုံခြုံရေးရဲတပ်ရင်းမှ ရဲကားများကို မိုင်းခွဲရာတွင် ရဲ၀န်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

“ခွဲတဲ့လူက မသိဘူး ရဲတွေရှိတဲ့နေရာနားမှာ သူတို့က ခွဲတယ်ထင်တယ်။ သူတို့ ၄နာရီကျော်လောက်မှာ ဖြစ်တယ် အဲ့ဒါကျွန်တော်လည်း ဂဂဏဏမသိဘူး။ သူတို့ကောလဟလကြတော့ ရဲတစ်ယောက်ထိတယ်လို့တော့ ကြားတယ်။ ခြေ​ထောက်မှာ နည်းနည်းထိတာလို့ကြားတယ်။ ကားက သူတို့ပြောတဲ့အရဆိုရင် သူတို့ကားတစ်စီးပဲပျက်သွားတယ်လို့ ကြားတယ်"ဟု ဖားကန့်ဒေသခံတစ်ဦး ပြောဆိုချက်အရ သိရသည်။

ရဲကားများ မိုင်းခွဲခံရသည့်နေရာသည် ဆိပ်မူကျေးရွာ ရပ်ကွက် (၄)နှင့် ကျောက်သွေးတောင်ကြားတွင် ဖြစ်ကြောင်း သိရသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

ဖားကန့် ဆိုင်း​​​တောင် ဆိပ်မူ​ကျေးရွာတွင် ရဲကား ၃စီးမိုင်းခွဲခံရ ဖားကန့် ဆိုင်း​​​တောင် ဆိပ်မူ​ကျေးရွာတွင် ရဲကား ၃စီးမိုင်းခွဲခံရ Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.