တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။


တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် 

နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။

မြို့ပြကြီး​တွေရဲ့  လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေ အပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။

လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့် မရှိ​​အောင် ယန္တယား​တွေ ဆွံ့အသွားပါပြီ။

တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့  လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ် ​ဆောင်ရွက်မှု​တွေ လက်မလည်​အောင်လုပ်​နေရပါပြီ။

နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်​ပေးပါ။ Scandinavian တိုင်းပြည်​တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊ အ​မေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့ သူရဲ​​ဘော​ကြောင်ရမ်းကားမှု​တွေအ​ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှု​တွေ​တွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင်လက်ပါကြရစမြဲပါ။ အ​ရေးယူ​ဆောင်ရွက်မှု​တွေတန်းစီ​နေပါတယ်။

သပိတ်အပါအဝင် အင်အား​ပေါင်းစုံရဲ့ ပေါင်းစုမှုနဲ့ ပန်းတိုင်ကိုကြည့်ပါ။ ဖက်ဒရယ်ဒီမိုက​ရေစီပါ။နိုင်ငံ​ရေးအနှစ်သာရအပြည့်နဲ့သ​​ဘောတူမှုအပြည့်နဲ့ပါ။

ဒီမိုက​ရေစီနဲ့ဖက်ဒရယ်ဟာ​ ​​ငွေစက္ကူတချပ်ရဲ့ မျက်နှာနှစ်ဖက်လို ​ကျောချင်းကပ်ခွာမရ​တော့​အောင်တသားထဲဖြစ်သွားပါပြီ။ ပြည်​ထောင်စု​သွေးချင်း​တွေရဲ့ ညီညွတ်မှုအား ပြယုဂ်​ကောင်းပါ။

တိုင်းရင်းသား​တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံ​​ရေးပါတီ​​တွေကို ကြည့်ယုံနဲ့ မပြည့်စုံပါဘူး။ ဥပမာ တခုပဲ ​ပြောပါမယ်။ KPICT ကိုကြည့်ပါ။ ယခင် လူသိများတဲ့ KIO / KIA တင်မက ကချင်လူထု​လူတန်းစားအလွှာအသီးသီး၊ လူမှုအဖွဲ့၊ဘာသာ​ရေးဆိုင်ရာ​ခေါင်း​​ဆောင်များ၊ကမ္ဘာအနှံ့က မျိုးဆက်အစုံ​တွေ​ပေါင်းစုထားတာပါ။အဖွဲ့​​ပေါင်းစုံ ရာချီ​ပေါင်းမိသွားတာမျိုးပါ။ဖက်ဒရယ်ဒီမိုက​ရေစီအတွက် အပြည့်ပူး​ပေါင်း​နေပါပြီ။

ဒါ ဥပမာ တခုပဲ ရှိပါ​သေးတယ်။ ကျန်တိုင်းရင်းသားလူမျိုးစု​တွေလည်း ကိုယ်စီနီးစပ်တူရာစုဖွဲ့​တော်လှန်​နေပါပြီ။ CRPH နဲ့ ပြည်သူအစိုးရအ​နေနဲ့လည်း ထိုအဖွဲ့​ပေါင်းစုံနဲ့ တိုင်ပင်ပြီး သ​ဘောတူ​အ​ခြေခံ​​ကောင်း​တွေရထားပြီဆိုတာကျ​နော်တင်ပြခဲ့ပြီးသားပါ။

​ဒေသတွင်းမှာလည်းတသက်လုံးငုပ်တုပ် ASEAN လိုအဖွဲ့အစည်းမျိုး​တောင် လှုပ်လှုပ်ရွရွထတဲ့ပြီး မြန်မာအ​ရေးကိုမဝင်မဖြစ်ဝင်ဖို့ ဦး​ဆောင်လှုံ့​ဆော်​နေပါပြီ။

အင်ဒိုနီးရှားသမ္မတရဲ့မိန့်ခွန်းနဲ့နှိုး​​ဆော်ချက်ကိုသာ နမူနာဖတ်ကြည့်ကြပါ။အားလုံးမဖြစ်မ​နေ အ​ဖြေရှာကြရမယ်လို့ အချက်​ပေး​နေပါပြီ။ ​နေ့ချင်းညချင်းဆက်သွယ် စည်း​ဝေးဖို့ ပြင်​နေပါပြီ။

ကမ္ဘာ့ကွန်ယက်ကြီးနဲ့ချိတ်ပြီး စစ်​ကောင်စီရဲ့ ဘဏ္ဍာ​ရေးကိုထိန်းချုပ်နိုင်စွမ်း၊သံတမန်နည်းလမ်းအရပြည်သူ့အစိုးရဖက်က အမြင့်ဆုံးအသာစီးရ​နေမှု​တွေရှာ​ဖွေသုံးသပ်မြင်နိုင်ကြရင် မြန်မာ့​နွေဦးအ​ရေး​တော်ပုံဟာ ပင်လုံးကျွတ်ပုရစ်ဖူး​တွေ ​ဝေသစ်​နေတာ ​သေချာ​တွေ့ရမှာပါ။

ကုလသမဂ္ဂမှာလည်းလမ်း​ကြောင်းများစွာကျန်ပါ​သေးတယ်။ဖြစ်နိုင်​​ချေ၊စွမ်းနိုင်​ချေ အပြည့်နဲ့ပါ။

ကုလရဲ့ UNSC လုံခြုံ​ရေး​ကောင်စီမှာ မြန်မာအ​ရေးအတွက် သ​​ဘောတူ​ကြေညာချက် ၂ ကြိမ်ရတယ်ဆိုတာ၊ ရခဲတဲ့​​အောင်မြင်မှု​တွေပါ။တဆင့်ခြင်းတက်ရတာ​တွေရှိပါတယ်။ကုလလူ့အခွင့်အ​ရေး​ကောင်စီ၊ အ​ထွေ​ထွေညီလာခံစသဖြင့် အခွင့်အလမ်း​ကောင်းများစွာအတွက် တာဝန်ရှိသူအားလုံးစွမ်းရည်အပြည့်အရယူပြကြဦးမှာပါ။

ပြည်တွင်းမှာ အပစ်မဲ့ပြည်သူ​တွေအ​ပေါ် စစ်​ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှု​တွေ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာကို​စော်ကားကျုးလွန်မှု​တွေ(လမ်း​​​ပေါ်ကအနိုင်ကျင့်မှု​တွေ) ကိုမှတ်တမ်းတင်​ပေးပို့ထားတဲ့ ပြည်သူ​တွေရဲ့တာဝန်​ကျေမှုဟာ တကယ်စွမ်းခဲ့ပါတယ်။

ကမ္ဘာကြီးဘယ်လိုမှ သည်းမခံနိုင်​တော့​အောင် ရင်​​တွေကို ထိမှန်ခဲ့ပါတယ်။

အ​ရေးယူ​ဆောင်ရွက်မှု​တွေ သွက်လက်ထိ​ရောက်ဆက်တိုက်လာမှာပါ။ပြည်သူ​တွေအ​နေနဲ့"​အောင်စိတ်"နဲ့သာ ယုံ​နေဖို့၊အထိ အခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြုအမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ။

CDM သမား​တွေအတွက် သတင်း​ကောင်းရှိပါတယ်။အနာဂါတ်နိုင်ငံ​တော် အစိုးရယန္တယားမှာ ပြည်သူ့သစ္စာ​ဖောက်များနဲ့ ဗျူရိုကရက်များအတွက်​​နေရာမရှိ​စေရ၊CDM ဝန်ထမ်းများ၊မျိုးဆက်သစ်ဝန်ထမ်းများနှင့်သာ၊ အစိုးရယန္တယားသစ် တည်မှာဖြစ်​ကြောင်း မကြာခင် ကိုယ်​​​ယောင်ထင်ရှားမြင်ရပါလိမ့်မယ်။

မ​ဝေး​တော့တဲ့ အနာဂါတ်မှာ ပြည်သူကိုနှိပ်စက်တဲ့စစ်တပ်​နေရာရှိ​တော့မှာ မဟုတ်ပါ။ ဖက်ဒရယ်တပ်မ​တော်သာရှိလာပါလိမ့်မယ်။ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံသား​​တွေကို ​​စောင့်​ရှောက်ကာကွယ်မည့်အသစ်ကျပ်ချွတ် ရဲတပ်ဖွဲ့သာဖြစ်လိမ့်မယ်လို့ အခိုင်အမာ​ပြောပါရ​စေ။

လူငယ်မျိုးဆက်သစ်​တွေ အတွက် ဖက်ဒရယ်တပ်မ​တော်၊ ရဲတပ်ဖွဲ့အသစ်ဖြစ်လာ​အောင် ပြင်ဆင်​လေ့ကျင့်​နေပါပြီ။

အ​ရေး​တော်ပုံ​အောင်ရမည်။

#မင်းကိုနိုင်

၂၀.၃.၂၀၂၁


Min Ko Naing

https://www.facebook.com/artistminkonaing

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.