![]() |
Photo- CJ |
ဧရာဝတီတိုင်း ပုသိမ်မြို့ ၁၄ ရပ်ကွက်က ညသပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ်လ ၁၄ ရက်နေ့ ဒီကနေ့ညမှာ ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် သေဆုံးသူရော ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အဲ့ဒီရပ်ကွက်ကို ဒီညမှာ စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့ထားသလို၊ ပစ်ခတ်ခံရတဲ့သူတွေ သေဆုံးသူတွေရှိတယ်လို့ သိရပေမယ့် ရပ်ကွက်အပြင်ဘက်ကို ကယ်ထုတ်လို့ မရသေးတာကြောင့် သေဆုံးတဲ့ စာရင်းအတိအကျကို မသိရသေးဘူးလို့ ပုသိမ်မြို့ဒေသခံ လူမှုကူညီရေးအသင်းဝင်တဦးကပြောပါတယ်။
ဒီနေ့ ပုသိမ်မှာညသပိတ်ဖြိုခွဲခံရမှုကြောင့် လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတချို့က လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးသားနေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
RFA Burmese
ပုသိမ် ညသပိတ်ကို ရဲနဲ့ စစ်သားတွေ ပစ်ခတ်လို့ သေဆုံး ဒဏ်ရာရသူတွေရှိ
Reviewed by THITHTOOLWIN
on
08:09
Rating:

No comments:
Post a Comment