“မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အကောင်းမမြင်” စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၉)

မြန်မာနိုင်ငံတွင်း လတ်တလောဖြစ်ပွားနေတဲ့ ဝမ်းနည်းကြေကွဲစရာ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ အချိန်ကြာနိုင်ပြီး အာဆီယံအနေနဲ့ ဒီပြဿနာကို ဘယ်လို တုံ့ပြန်မလဲဆိုတာ အရေးတကြီးဖြစ်နေတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။

“ဒီဖြစ်ရပ်တွေကို ဖြေရှင်းဖို့ အချိန်အတော်ကြာနိုင်ပါတယ်။ ကျနော့်အနေနဲ့ သိပ်ပြီးတော့ အကောင်းမမြင်ဘူးဆိုတာ ဝန်ခံရပါလိမ့်မယ်။” ဆိုပြီးတော့လည်း ဝန်ကြီး Vivian က စင်္ကာပူသတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာမှာ ဆော်သြမှုတွေ ရှိနေတဲ့နောက် အာဆီယံနိုင်ငံတွေထဲ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ အတော်လေး တတ်တတ်ကြွကြွရှိနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/singapore-myanmar-military-coup/5832442.html

“မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အကောင်းမမြင်” စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး “မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အကောင်းမမြင်” စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.