![]() |
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးခေါင်းကို ကျည်ထိ သေဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ ဦးခေါင်းမှာ တွေ့ရတဲ့ ခဲသတ္တုဟာ ရဲတပ်ဖွဲ့ အသုံးပြုတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ကျည်မဟုတ်ဘူးလို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။
အဲဒါဟာ ဒသမ ၃၈ ကျည်နဲ့ ပစ်ခတ်နိုင်တဲ့ ပွိုင့်တာသေနတ်နဲ့ ပစ်ခတ်တဲ့ ခဲယမ်းဖြစ်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
အဲဒီလို စစ်ဆေးနိုင်ဖို့ မကြယ်စင်ရဲ့ ဖခင်ဆီမှာ ခွင့်တောင်းပြီး မတ်လ ၅ ရက်က တရားသူကြီး ခွင့်ပြုမိန့်နဲ့ အုတ်ဂူကို ဖွင့်ဖောက်စစ်ဆေးခဲ့တယ်လို့ အဲဒီကြေညာချက်မှာ ပါပါတယ်။
မတ်လ ၃ ရက် မန္တလေးမြို့ ပစ်ခတ်ဖြိုခွင်းမှာ အမျိုးသား တစ်ဦးလည်း သေဆုံးခဲ့ပြီး အဲဒါနဲ့ ပတ်သက်လို့ သီးခြား ထုတ်ပြန်တာကိုတော့ မတွေ့ရပါဘူး။
ဒါ့အပြင် ဖေဖော်ဝါရီလအတွင်း နေပြည်တော် ဆန္ဒပြမှုမှာ ပစ်ခတ်ဖြိုခွင်းခံရပြီး သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းမှာတွေ့ရတဲ့ အရာဟာလည်း ရဲတပ်ဖွဲ့ရဲ့ ကျည်မဟုတ်ဘဲ တခြား ပြင်ပက အသုံးပြုတဲ့ လက်နက်ရဲ့ ကျည်ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။
BBC Burmese

No comments:
Post a Comment