မြန်မာနိုင်ငံထဲက သြစတေးလျနိုင်ငံသားတွေကို လုံခြုံရေးအသိမြှင့်ထားဖို့ သံရုံးကြေညာ


မြန်မာနိုင်ငံထဲမှာရှိနေသေးတဲ့ သြစတေးလျနိုင်ငံသားတွေအနေနဲ့ ဘေးကင်းခိုလှုံတဲ့နေရာအသင့်ရှိနေဖို့၊ လိုအပ်တဲ့ပစ္စည်းတွေစုဖို့၊ ငွေသားလက်ထဲမှာထားရှိဖို့၊ လုံခြုံရေးအသိမြှင့်ထားဖို့နဲ့ မီဒီယာပေါ်က သတင်းအချက်အလက်တွေကို စောင့်ကြည့်ဖို့ မြန်မာနိုင်ငံဆိုင်ရာသြစတေးလျသံရုံးက ဒီနေ့ မတ်လ ၂၃ ရက်မွန်းလွဲပိုင်းမှာပဲ လူမှုကွန်ယက်ကနေ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့တုန်းက မြန်မာနိုင်ငံထဲကနေ ကယ်ဆယ်ရေးခရီးစဉ်နဲ့ထွက်ဖို့ပြင်နေတဲ့ သြစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး ၂ ဦး အာဏာပိုင်တွေ ထိန်းသိမ်းတာခံခဲ့ရတယ်လို့ SBS သတင်းဌာနက မနေ့ မတ်လ ၂၂ ရက်မှာသတင်းဖော်ပြခဲ့အပြီး သံရုံးကြေညာချက်ထွက်လာတာပါ။ .


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြန်မာနိုင်ငံထဲက သြစတေးလျနိုင်ငံသားတွေကို လုံခြုံရေးအသိမြှင့်ထားဖို့ သံရုံးကြေညာ  မြန်မာနိုင်ငံထဲက သြစတေးလျနိုင်ငံသားတွေကို လုံခြုံရေးအသိမြှင့်ထားဖို့ သံရုံးကြေညာ Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.