လူမှုကွန်ရက်မှာ ချီးကျူးပြောဆိုနေတဲ့ စမ်းချောင်းက ဖမ်းဆီးခံရသူ

 လူမှုကွန်ရက်မှာ ချီးကျူးပြောဆိုနေတဲ့ စမ်းချောင်းက ဖမ်းဆီးခံရသူ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင်း မတ်လ ၂ ရက်နေ့က ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်တွေရှိရာ ဝင်ပြေးရင်း အဖမ်းခံခဲ့ရတဲ့ ကိုထက်ဝေယံဟာ သေနတ်ဒဏ်ရာ သုံးချက် ရထားကြောင်းနဲ့ သူ့ကို ဘယ်မှာ ထိန်းသိမ်းထားသလဲဆိုတာ မသိရသေးဘူးလို့ ဖခင်ဖြစ်သူ ဦးလှမျိုးက ဘီဘီစီကို ပြောပါတယ်။

အဖမ်းခံခဲ့ရစဉ်မှာ ပစ်ခတ်မှုကြောင့် ရင်ဘတ်၊ ခါးနဲ့ ပေါင်တို့မှာ ဒဏ်ရာရထားတဲ့အပြင် လဲကျသွားစဉ်မှာ ဝိုင်းဝန်းထုရိုက် ခံထားရမှုတွေကနေရတဲ့ ဒဏ်ရာတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ပေါင်ကို ကျည်ဆန်ထိမှန်ခဲ့တာကြောင့် ကုသမှုခံယူခဲ့ရတယ်လို့ အမှတ် ၂ ကုတင် ၅၀၀ စစ်ဆေးရုံကို ကိုယ်တိုင်လိုက်သွားခဲ့တဲ့ ဖခင်ဖြစ်သူ ဦးလှမျိုးက ပြောပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို တခြားတနေရာကို ခေါ်ဆောင်သွားခဲ့ပြီး ဘယ်ကိုခေါ်သွားလဲဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်မှာတော့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုအတွင်း တခြားသူတွေ ရှောင်တိမ်းနေစဉ်မှာ အသက် ၂၂ နှစ်အရွယ် ကိုထက်ဝေယံဟာ ရဲတပ်ဖွဲ့ဝင်တွေရှိရာ ဝင်ပြေးခဲ့ပြီး ရဲအင်အား ၃၀ နီးပါးက ကိုထက်ဝေယံကို ဝိုင်းဝန်းဖမ်းခဲ့တာကို တွေ့ရပါတယ်။

လဲကျသွားစဉ်မှာ ရဲတပ်ဖွဲ့ဝင်အများအပြားက ဝိုင်းဝန်းထိုးကန်တာတွေကိုလည်း တွေ့ရပါတယ်။

ကိုယ်ကျိုးစွန့်ပြီး အခုလို အဖမ်းခံခဲ့တဲ့ ကိုထက်ဝေယံကို လူမှုကွန်ရက် သုံးစွဲသူ အတော်များများက အညတရ သူရဲကောင်းလို့ ဂုဏ်ပြုပြောဆိုနေကြတာကို တွေ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

လူမှုကွန်ရက်မှာ ချီးကျူးပြောဆိုနေတဲ့ စမ်းချောင်းက ဖမ်းဆီးခံရသူ  လူမှုကွန်ရက်မှာ ချီးကျူးပြောဆိုနေတဲ့ စမ်းချောင်းက ဖမ်းဆီးခံရသူ Reviewed by THITHTOOLWIN on 02:27 Rating: 5

No comments:

Powered by Blogger.