စလင်းမြို့မှာ နည်းပညာ တက္ကသိလ်ကျောင်းသား အပါအဝင် ၂ ဦးကျဆုံး ၁၄ ဦးဒဏ်ရာရ





စလင်း-မတ် ၃-၂၀၂၁

မကွေးတိုင်း စလင်းမြို့မှာဒီကနေ့ နေ့လယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့လူအုပ်ထဲကို သေနတ်နဲ့ပစ်ခတ်လို့ လူငယ် ၂ ဦး သေဆုံးခဲ့ပြီး၁၄ ဦးဒဏ်ရာရရှိတယ်လို့ မျက်မြင်တွေကပြောပါတယ်။ 

တစ်ဦးကတော့  မောင်အောင်မြင့်မြတ် အသက် ၁၉ နှစ်ဖြစ်ပြီး  တက္ကသိုလ်ဝင်တန်းမှာ ၅ဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပြီးမကွေးနည်းပညာတက္ကသိုလ်မှာ ပထမနှစ်ဖြေထားသူဖြစ်တယ်လို့သိရပါတယ်။ 

နောက်တယောက်ကတော့ အမည်မသိသေးတဲ့ နယ်က မိန်းကလေးတဦးဖြစ်တယ်လို့ သိရပြီး အသေးစိတ်စုံစမ်းမရသေးဘဲဖြစ်နေပါတယ်။ 

“ပထမတော့ဖမ်းထားသူတွေကိုရဲစခန်းရှေ့မှာပြန်ပေးဘို့တောင်းဆိုနေကြတာကနေမြို့အဝင်က ပိတ်ထားတဲ့အတားအဆီးတွေဖယ်ပြီး စစ်ကားတွေလာပြီဆိုလို့ လူစုခွဲနေကြတုန်းရဲစခန်းထဲက အရပ်ဝတ်တယောက်က ထွက်ပစ်တာ မှာသေတာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မျက်မြင်တဦးကပြောပါတယ်။ 

ဒဏ်ရာရသူတွေကို CDM လုပ်နေတဲ့ ကျမ္မာရေးဝန်ထမ်းတွေက ကုသပေးနေတယ်လို့သိရပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

စလင်းမြို့မှာ နည်းပညာ တက္ကသိလ်ကျောင်းသား အပါအဝင် ၂ ဦးကျဆုံး ၁၄ ဦးဒဏ်ရာရ စလင်းမြို့မှာ နည်းပညာ တက္ကသိလ်ကျောင်းသား အပါအဝင် ၂ ဦးကျဆုံး ၁၄ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.