ဗီဇာသက်တမ်းကုန်မြန်မာတွေအတွက် ယာယီနေထိုင်ခွင့်ပေးဖို့ တောင်ကိုရီးယားအစိုးရ ကြေညာ


တောင်ကိုရီးယားရောက် မြန်မာတွေအတွက် မြန်မာပြည်တွင်း တည်ငြိမ်တဲ့အထိ နေထိုင်နိုင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီနေထိုင်ခွင့် အထူးအစီအစဉ်တွေ လုပ်သွားမယ်ဆိုပြီး တောင်ကိုရီးယားအစိုးရက ဒီနေ့ မတ်လ ၁၂ ရက်မှာ ကြေညာပါတယ်။

နေထိုင်ခွင့်ကာလကို သက်တမ်းတိုးဖို့ ခက်တာကြောင့် သတ်မှတ်ကာလမှာ ကိုရီးယားကနေ ထွက်ရမယ့် မြန်မာနိုင်ငံသားတွေ ဆက်နေချင်သေးတယ်ဆိုရင် နေနိုင်အောင် ယာယီနေထိုင်ခွင့် ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာ မြန်မာကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေ တင်ပို့တာ ခွင့်ပြုချက်ပိတ်ထားမှာဖြစ်ပြီး၊ ပို့ကုန်လိုင်စင်ကို တင်းကျပ်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင်းလုပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းစီမံကိန်းတွေကို ပြန်လည် သုံးသပ်မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံသားတွေရဲ့အသက်မွေးမှုနဲ့တိုက်ရိုက်ဆက်နွှယ်နေတဲ့စီမံကိန်းတွေ၊ လူသားချင်းစာနာထောက် ထားမှုအကူအညီတွေကိုတေ့ာ ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အမေရိကန်လို့ အဓိကမဟာမိတ်တွေ၊ အာဆီယံလို ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မပြတ်ဘဲ မြန်မာ့အခြေအနေကို နီးနီးကပ်ကပ်စောင့်ကြည့်နေသလို မြန်မာ့ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေး အားထုတ်သွားမယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ဗီဇာသက်တမ်းကုန်မြန်မာတွေအတွက် ယာယီနေထိုင်ခွင့်ပေးဖို့ တောင်ကိုရီးယားအစိုးရ ကြေညာ  ဗီဇာသက်တမ်းကုန်မြန်မာတွေအတွက် ယာယီနေထိုင်ခွင့်ပေးဖို့ တောင်ကိုရီးယားအစိုးရ ကြေညာ Reviewed by THITHTOOLWIN on 21:24 Rating: 5

No comments:

Powered by Blogger.