အကြမ်းဖက်မှုတွေ ရပ်တန့်ရန် နိုင်ငံတကာကြက်ခြေနီအဖွဲ့တောင်းဆို




(၅-၃-၂၀၂၁)

ဒဏ်ရာရသူတွေကို ကယ်ဆယ်ကူညီပေးတဲ့ စေတနာ့ဝန်ထမ်းကြက်ခြေနီတွေဟာ ဘယ်သောအခါမှ ပစ်မှတ်မဖြစ်သင့်ဘူး။ အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်ပါ- လို့ နိုင်ငံတ ကာကြက်ခြေနီအဖွဲ့ (IFRC) က အာဏာသိမ်းစစ်ကောင်စီကို ဒီနေ့ တောင်းဆိုက်ပါတယ်။

လူနာတွေကို ကယ်ဆယ်နေတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေကို လုံခြံရေးတပ်တွေက ဖမ်းဆီး ရိုက်နှက်ပြီးနောက်၊ လုံခြုံရေးတပ်တွေက လူသတ်လက်နက်သုံးပြီး ပစ်ခတ်တဲ့အတွက် လပေါင်း ၅၀ ကျော်သေဆုံးပြီးပြီး ၁,၇၀၀ ကျော်ဖမ်းဆီးခံရပြီးတဲ့နောက် ကြက်ခြေနီ အဖွဲ့က အခုလိုတောင်းဆိုလိုက်တာပါ။

"စေတနာ့ဝန်ထမ်း ကြက်ခြေနီတွေ အပြင်းအထန် ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေဟာ အတော်စိုးရိမ်ဖွယ်ကောင်းတဲ့၊ အတော့်ကိုမှားယွင်းတဲ့ လုပ်ရပ်တွေပါ။ အရေးပေါ်လူနာတင် ကားကိုတောင် ဖျက်ဆီးတယ်ဆိုတော့ အတော်ဆိုးပါတယ်'' လို့ IFRC ရဲ့ အာရှ-ပစဖိဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Alexander Matheou ကပြောပါတယ်။

အသက်သေနိုင်လောက်တဲ့ ဒဏ်ရာရထားသူတွေကို ကူညီပေးနေတဲ့ ကြက်ခြေနီတွေကို ဒဏ်ရာရအောင်လုပ်တာဟာ အတော်ဆိုးပါတယ်။

"ကြက်ခြေနီဝန်ထမ်းဆိုတာ ဘယ်သောအခါမှ ပစ်မှတ်မဖြစ်ရပါဘူး'' လို့ စစ်ကောင်စီကို သူက သတိပေးခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ် ပြန့်နှံခဲ့တဲ့ ဗွီဒီယိုပုံတွေအရ ကြက်ခြေနီ ဝန်ထမ်း ၃ ဦးကို အရေးပေါ်လူနာတင်ကားပေါ်ကနေ ရဲတွေက ဆွဲချဖမ်းဆီးပြီး ရိုက်နှက်ခဲ့ပါတယ်။ ရိုးရိုးရိုက်တာ မဟုတ်ပဲ ဦးခေါင်းကို သေနတ်ဒင်နဲ့ တအားရိုက်တာ၊ ခြေထောက်နဲ့ဝိုင်းကန်တာ၊ ရဲအင်အား တဒါဇင်ခန့်ကနေ အချက်ပေါင်းများစွာရိုက်တဲ့အတွက် အဲဒီ ၃ ဦး ဒဏ်ရာအပြင်းထန် ရသွားတာတွေ့ရပါတယ်။

အရေးပေါ်လူနာတင်ကားကိုပါ ရဲတွေက ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်။ စစ်မြေပြင်မှာတောင် ဒါမျိုးလုပ်ခွင့်မရှိဘူးလို့ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ်ကလည်း ကြေညာချက် ထုတ်ထားပြီးဖြစ်ပါတယ်။

ဒီဖြစ်စဉ် မှတ်တမ်းတွေကို ကုလ လူ့အခွင့်အရေးစုံစမ်းသူ Tom Andrews နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Christine Burgener တို့က ကုလသမဂ္ဂဆီ တင်ပြထားပြီး လုံခြုံရေးကောင်စီ တာဝန်ရှိသူတွေက ဒီညနေပိုင်းမှာ ဆွေးနွေးဖို့ရှိနေပါတယ်။    ။


Burma News Network

https://www.facebook.com/burmanewsnetwork

အကြမ်းဖက်မှုတွေ ရပ်တန့်ရန် နိုင်ငံတကာကြက်ခြေနီအဖွဲ့တောင်းဆို အကြမ်းဖက်မှုတွေ ရပ်တန့်ရန် နိုင်ငံတကာကြက်ခြေနီအဖွဲ့တောင်းဆို Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.