မြောက်ဥက္ကာလာပမြို့နယ်တရားရုံး မီးလောင်မှုဖြစ်



ရန်ကုန်၊ မတ် ၁၅ -၂၀၂၁

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်ရှိ မြို့နယ်တရားရုံး ဒီကနေ့နေ့လယ် ၂နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မီးငြိမ်းသတ်ဖို့သွားရောက်တဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲက သေနတ်နဲ့ ပစ်ခတ်မှုတွေရှိတယ်လို့ နွယ်သာကီလမ်းမှပြည်သူတစ်ဦးက VOMကို ပြောပါတယ်။

" ကျနော်တို့က မီးငြိမ်းဖို့သွားတာ သူတို့ရှိမှန်းလည်းမသိဘူး၊ ကျနော်တို့ကို တွေ့တော့ ပစ်တယ်၊ အဲ့ဒါကြောင့် ပြန်လာခဲ့တာ"လို့  နွယ်သာကီလမ်းမှပြည်သူတစ်ဦးက VOMကို ပြောပါတယ်။

လက်ရှိမှာတော့ မြောက်ဥက္ကာလာပမြို့နယ်တရားရုံးမီးလောင်တာကို မီးသတ်ကားတွေ လာရောက်ငြိမ်းသတ်လို့ မီးညွန့်ကျိုးသွားပြီဖြစ်ကြောင်း ခေမာသီလမ်းမှ ပြည်သူတစ်ဦးကVOMကို ပြောပါတယ်။

"တရားရုံးတစ်ခုလုံး မီးထဲပါသွားလား တစ်ချို့တဝက်ပဲ ပါသွားလားဆိုတာ သွားကြည့်လို့မရတာ၊ မီးလောင်တာကတော့ဟုတ်တယ်၊ စစ်တပ်ကစောင့်နေတာလေ"လို့ ပြောပါတယ်။

ဒေသခံတွေကတော့ အခုလိုပြောနေပေမယ့် မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့ VOMကသီးခြားအတည်ပြုချက် မရနိုင်သေးပါဘူး၊

မြောက်ဥက္ကလာပမြို့နယ်ဟာ အကြမ်းဖက်ဖြိုခွင်းရာမှာ သေဆုံးမှုများပြားခဲ့တဲ့ မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိအခြေအနေမှာလည်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။


အေးချမ်းသူ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

မြောက်ဥက္ကာလာပမြို့နယ်တရားရုံး မီးလောင်မှုဖြစ် မြောက်ဥက္ကာလာပမြို့နယ်တရားရုံး မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 23:13 Rating: 5

No comments:

Powered by Blogger.