မိုးညှင်းတွင် အာဏာရှင်တော်လှန်ရင်း ကျဆုံးခဲ့သူများအား အမျှပေးရေစက်ချ၊ တပ်မတော်ထောက်ခံသည့် လူပုဂ္ဂိုလ်မိသားစုအား လောက်ကောင်ဟု ရေးသားထားသည့် စာနှင့်ပုံ ကပ်သူများအား ဖမ်းဆီးအရေးယူမည်ဟုဆို
မတ်၊၁၅
မိုးညှင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့်ကျဆုံးခဲ့သူများအား ရည်စူး၍ ဆွမ်းကပ်လှူအမျှပေးရေစက်ချပွဲကို ယနေ့ မတ်(၁၅)ရက်မနက်ပိုင်းက မိုးညှင်းမြို့ရှိ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက ပြုလုပ်ခဲ့ကြသည်။
မိုးညှင်းမြို့အတွင်း စစ်ကောင်စီ၏ လုံခြုံရေးယာဥ်တန်းများလှည့်လည်တင်းကြပ်နေသည့်ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်စီးသပိတ်နှင့်ခြေလျှင် သပိတ်ကို ပြောက်ကျား နည်းသုံးကာ ဆက်လက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းအပြင် စစ်ကောင်စီ၏တပ်များနှင့် မိုးညှင်းမြို့ရှိ တပ်မတော်ထောက်ခံသည့် လူပုဂ္ဂိုလ်မိသားစုအားလောက်ကောင် ဟု ရေးသားထားသည့် စာတန်း ပုံများကိုနေရာအနှံ့ ကပ်ထားသည်ကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က လိုက်လံဖျက်ဆီးခဲ့ပြီး ဆန္ဒထုတ်ဖော်သူများနှင့် အဆိုပါစာတန်းကပ်သူများအား စုံစမ်းလျှက်ရှိပြီး ဥပဒေအရဖမ်းဆီးအရေးယူသွားမည်ဟု သိရသည်။
Myitkyina News Journal
မိုးညှင်းတွင် အာဏာရှင်တော်လှန်ရင်း ကျဆုံးခဲ့သူများအား အမျှပေးရေစက်ချ၊ တပ်မတော်ထောက်ခံသည့် လူပုဂ္ဂိုလ်မိသားစုအား လောက်ကောင်ဟု ရေးသားထားသည့် စာနှင့်ပုံ ကပ်သူများအား ဖမ်းဆီးအရေးယူမည်ဟုဆို
Reviewed by THITHTOOLWIN
on
19:31
Rating:

No comments:
Post a Comment