မုံရွာတွင် ကျဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်








မုံရွာ၊မတ်-၃

မုံရွာ ပစ်ခတ်ဖြိုခွင်းမှုတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း ပန်းစည်းနှင့် ဖယောင်းတိုင်ထွန်းဆုတောင်းခြင်း ယနေ့ညနေက ပြုလုပ်သည်။

သွေးမြေကျခဲ့သော ဘုရားနီဘုရား အနီး ပြည်ထောင်စုလမ်းနှင့် အောင်မဟာလမ်း (အာသောကလမ်း)တို့တွင် ပြုလုပ်ခြင်းဖြစ်သည်။

ယနေ့တွင် အမျိုးသား ၄ဦး ၊အမျိုးသမီး ၂ဦး သေဆုံးသည်။ 

အခြားသော အမျိုးသား နှစ်ဦးသေဆုံးမှုရှိသည်ဟု သတင်းများရရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။


Monywa Gazette

https://www.facebook.com/monywagazette/

မုံရွာတွင် ကျဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် မုံရွာတွင် ကျဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.