![]() |
ဖားကန့်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားစဥ် |
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆဒူဇွပ် ဝါရာဇွပ်အုပ်စု စံပြ ရွာဘက်မှာ မတ်လ ၁၅ ရက်နေ့ မနက် ၂နာရီခွဲခန့်က တပ်မတော်နဲ့ကေအိုင်အေတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဟာ မကြာခဏဆိုသလို တပ်မတော်နဲ့ကေအိုင်အေတို့ တိုက်ပွဲဖြစ်နေကြဖြစ်တဲ့ ဒေသဖြစ်ပေမဲ့ ၂၀၂၁ အတွင်း မှာတော့ ပထမဆုံးအကြိမ် မတ်လ ၁၅ ရက်နေ့ကဖြစ်တယ်လို့ပြောပါတယ်။
အဲ့ဒီနေရာဟာ ကေအိုင်အေ တပ်ရင်း၁၄ တပ်မတော်နဲ့ ပြည်သူစစ်တွေလည်း ရှိသလို ရွှေမှော်လည်း ရှိတာကြောင့် လူစည်ကားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
မတ်လအတွင်းက ကချင်ပြည်နယ် ဖားကန့် မိုးကောင်းနဲ့ကာမိုင်းမြို့ အကြားမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်နေခဲ့တာရှိပါတယ်။
BBC Burmese
ကေအိုင်အေ နဲ့ တပ်မတော် တို့ ဖားကန့်အနီး တိုက်ပွဲဖြစ်
Reviewed by THITHTOOLWIN
on
19:06
Rating:

No comments:
Post a Comment