လှိုင်သာယာသပိတ်ကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှုကြောင့် ၈ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၁ဦးအထိ ရှိလာ
ရန်ကုန်၊မတ် ၁၄၊၂၀၂၁
လှိုင်သာယာမြို့နယ်မှာ ဒီနေ့ မတ်လ ၁၄ရက် နေ့လယ်ပိုင်းက ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးပြီး လေးဆယ်ကျော်ဒဏ်ရာရရှိကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။
ပြည်သူပါတီမှ ဦးညဏ်လင်းက "ရှစ်ယောက်လောက်တော့ရှိတယ် တံတားဖြူမှာ ၂ယောက်သမိုင်းကုန်းမှာလည်း ကျတယ် ၁ထိပ်နဲ့ ၃ထိပ်မှာ လေးယောက်ကျတယ်။ ရုံးရှေနဲ့ မီးခွက်စျေးမှာလည်း ကျည်ဆန်ထိမှန်သူတွေရှိတယ်"လို့ VOMကို ပြောပါတယ်။
ရွှေဥဒေါင်း ပရဟိတလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌကလည်း "လတ်တလော ၈ဦး၊ ဒဏ်ရာရသူ ၃၀ကျော်ရှိတယ် လက်ရှိအခြေအနေပေါ့" လို့ VOM ကိုပြောပါတယ်။
အမှတ် ၇ရပ်ကွက် တံတားဖြူတွင် နေထိုင်သူတစ်ဦးကလည်း "တံတားဖြူမှာနှစ်ယောက်ထိတယ် တစ်ယာက် အဖြူရောင်သုခအလင်းက အသင်းသား ကိုဝေဖြိုးအောင်(ခ) ကိုဂျက်ပါ"လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ သေဆုံးသူ ၁၁ဦး၊ ဒဏ်ရာရရှိသူမှာ လေးဆယ်ကျော်ရှိပြီး စိုးရိမ်ရသည့်အခြေအနေများရှိကြောင်း ဆက်ပြောပါတယ်။
အေးချမ်းသူ(VOM)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

No comments:
Post a Comment