ဒီပဲယင်းပညာရေးမှူးရုံး မီးလောင်မှု တရားခံစုံစမ်းနေဟုဆို


မုံရွာ၊မတ်-၁၅

ယမန်နေ့ (မတ်-၁၄) ညဉ့်သန်းခေါင်ကျော် ပညာရေးမှူးနေအိမ်မှ စတင်လောင်ကျွမ်းခဲ့သော ဒီပဲယင်းမြို့နယ် ပညာရေးမှူးရုံးမီးလောင်မှုကို ရှို့မီးဟု မီးသတ်ဌာနကသုံးသပ်ထားပြီး တရားခံရှာဖွေနေသည်ဟု သတင်းရရှိသည်။ 

မြို့နယ်ပညာရေးမှူးနေအိမ်မှ တဆင့် လောင်ကျွမ်းရာ ဟောခန်းနှင့် ပညာရေးမှူးရုံးအတွင်း ရုံးသုံး၊အိမ်သုံးပစ္စည်း ၄၀ကျော် မီးလောင်ဆုံးရှုံးသွားသည်ဟု ဆိုသည်။

မီးလောင်မှု ဖြစ်ချိန်တွင် ပညာရေးမှူးအမျိုးသမီးလည်း မရှိဘဲ ရုံးဝန်ထမ်းများလည်း မရှိဟု သိရသည်။

ည ၁၂နာရီ ၄၅ မိနစ်က  မီးစလောင်ပြီး၄၅မိနစ်ခန့်ထိ လောင်ကျွမ်းခဲ့သည်။

သွပ်မိုး ၊ထရံကာ ပညာရေးမှူးနေအိမ်နှင့် ဟောခန်းတို့ မီးလောင်ပြာကျသွားပြီး နံကပ်တိုက်ဖြစ်သော ရုံးခန်းအတွင်းမှ ပစ္စည်းများလည်း ဆုံးရှုံးသွားသည်။ 

ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့မှ တွက်ချက်နေဆဲဖြစ်ကြောင်း သိရသည်။

မီးလေင်ဖြစ်စဉ်တရားခံကို ဒီပဲယင်း မြို့မရဲစခန်း၌ ပုဒ်မ၄၃၆ဖြင့်ဖွင့်၍ ရဲတပ်ဖွဲ့က ရှာဖွေနေသည်။


Monywa Gazette

https://www.facebook.com/monywagazette

ဒီပဲယင်းပညာရေးမှူးရုံး မီးလောင်မှု တရားခံစုံစမ်းနေဟုဆို ဒီပဲယင်းပညာရေးမှူးရုံး မီးလောင်မှု တရားခံစုံစမ်းနေဟုဆို Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.