ဟံသာဝတီယူနိုက်တက် ယူ ၂၁ အသင်းခေါင်းဆောင် ကျည်ထိမှန်သေဆုံး

ဟံသာဝတီယူနိုက်တက် ယူ ၂၁ အသင်းခေါင်းဆောင်ကိုချစ်ဘိုငြိမ်

ဟံသာဝတီယူနိုက်တက် ယူ ၂၁ အသင်းခေါင်းဆောင်ကိုချစ်ဘိုငြိမ်း

ကျည်ထိမှန်ခဲ့တဲ့ ကိုချစ်ဘိုငြိမ်းကို သယ်ဆောင်လာစဉ်

အင်းစိန်မြို့နယ်၊ ရွာမထိပ်က စစ်အာဏာသိမ်းဆန့်ကျင်သပိတ်ကို ဒီနေ့ မတ်လ ၂၇ ရက်မနက်က စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေ ပစ်ခတ်ဖြိုခွင်းရာ ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်း ယူ ၂၁ အသင်းခေါင်းဆောင် ကိုချစ်ဘိုငြိမ်း သေနတ်ကျည်ဆန်ထိမှန်ပြီးသေဆုံးခဲ့ပါတယ်။

ကိုချစ်ဘိုငြိမ်း ပစ်ခတ်သေဆုံးတဲ့အကြောင်း အသင်းနည်းပြကလည်း သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားသလို ရန်ကုန်ယူနိုက်တက်အသင်းကစားသမား ကိုမောင်မောင်လွင်ကလည်း လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ကိုချစ်ဘိုငြိမ်းရဲ့ နာရေးကို ဒီနေ့ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း မိသားစုနဲ့နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ဟံသာဝတီယူနိုက်တက် ယူ ၂၁ အသင်းခေါင်းဆောင် ကျည်ထိမှန်သေဆုံး ဟံသာဝတီယူနိုက်တက် ယူ ၂၁ အသင်းခေါင်းဆောင် ကျည်ထိမှန်သေဆုံး Reviewed by THITHTOOLWIN on 18:06 Rating: 5

No comments:

Powered by Blogger.