လှိုင်သာယာမြို့နယ်မှာ မနေ့ မတ်လ ၁၄ ရက်ဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် ဆေးရုံမှာလက်ခံထားတဲ့ သေဆုံးသူ ရုပ်အလောင်း ၃၇ လောင်းရှိတယ်လို့ လှိုင်သာယာဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။
ဒဏ်ရာရလို့ ဆေးရုံမှာ ကုသပေးနေသူ နောက်ထပ် အယောက် ၄၀ အထိ ရှိတယ်လို့လည်း ဆိုပါတယ်။
လှိုင်သာယာ ဆေးရုံကြီးဟာ CDM လုပ်နေတဲ့ ဆေးရုံဖြစ်ပြီး မနေ့က အခြေအနေကြောင့် ဆေးရုံအရေးပေါ်ဌာနဖွင့်ပြီး ကုသမှု ပေးခဲ့တာလို့လည်းသိရပါတယ်။
ဒါ့ပြင် လှိုင်သာယာမြို့နယ်အတွင်း နေထိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ လာရောက်ကူညီပေးကြဖို့ မေတ္တာရပ်ခံစာ ကို ဆေးရုံလူမှု ကွန်ရက်ကနေ ပန်ကြားခဲ့ပါတယ်။
လှိုင်သာယာ ရင်ခွဲရုံမှာ မတ်လ ၁၅ ရက်နေ့ နေ့လယ်မှာတေ့ ရုပ်အလောင်းတွေမဆန့်အောင် ဖြစ်နေတယ်လို့ အကူညီပေးရေးလုပ်ကိုင်နေသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
BBC Burmese
လှိုင်သာယာပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ ဦး ရုပ်အလောင်းတွေဆေးရုံက လက်ခံရရှိထား
Reviewed by THITHTOOLWIN
on
18:55
Rating:

No comments:
Post a Comment