စစ်ကိုင်းသပိတ်ဖြိုခွင်းမှု နှစ်ဦးသေဆုံး


ဆန္ဒပြမှုတွေကို ပစ်ခတ်ဖြိုခွင်းရာက စစ်ကိုင်းမြို့မှာ ကျည်မှန်သေဆုံးသူ နှစ်ဦးရှိပြီဖြစ်ပါတယ်။ ပရဟိတ အသင်းက လူတွေပါ ပစ်နေလို့ ကျည်မှန်သူတွေကို ပြန်သယ်ယူဖို့ အခက်ခဲရှိနေတယ်လို့ ပရဟိတအသင်းသားတဦးကပြေပါတယ်။

စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားအနီးမှာ ဒီမနက်စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲရာမှာ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၂၄ နှစ်အရွယ် ကိုအာကာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မျက်နှာ နဲ့ လည်ပင်းတို့ကို ကျည်ထိမှန်ဒဏ်ရာရသူ နှစ်ဦးရှိနေပြီး တခြားကျည်မှန် ဒဏ်ရာရသူတွေလည်း ရှိသလို ကျောင်းသူတစ်ဦးကို ကားနဲ့တိုက် ဖမ်းဆီးသွားတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။

စစ်တပ်နဲ့ ရဲက ဆန္ဒပြလူအုပ်ကို သေနတ်ပစ်ဖောက်ဖြိုခွင်းရာက ပြန်လည်ခုခံလို့ သေနတ်ပစ်ခတ်သံ‌တွေ အဆက်မပြတ်ကြားနေခဲ့ရတယ်လို့ ‌ငါးထပ်ကြီးဘုရားအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

စစ်ကိုင်းသပိတ်ဖြိုခွင်းမှု နှစ်ဦးသေဆုံး  စစ်ကိုင်းသပိတ်ဖြိုခွင်းမှု နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:42 Rating: 5

No comments:

Powered by Blogger.