ရန်ကုန်မြို့ အတွင်း လျှပ်စစ်မီးများ ဖြတ်တောက်ထားပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က လက်ရှိအချိန်ထိ ပစ်ခတ်မှုများ ပြုလုပ်နေဆဲ ဟု မြေပြင်သတင်းအရသိရသည်။
“ မီးတွေ ဖြတ်ထားတယ်။ အခု သူတို့တွေ ရမ်းပစ်နေတယ်။လှိုင်သာယာနဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံတွေမှာ သေနတ်တွေနဲ့ရမ်းပစ်နေတယ်။မီးရောင်မြင်တာနဲ့ ရမ်းပစ်နေတယ်” ဟု မြေပြင်သတင်းပေးပို့ချက်သူ တဦး က ပြောသည်။
မတ် (၁၄)ရက်မှာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က ရန်ကုန်မြို့ အတွင်းရှိမြို့နယ်များကို အကြမ်းဖက် သေနတ်ပစ်ခတ်မှုပြုလုပ်သဖြင့် လူသေဆုံးမှု ၆၀ဦး အထက်ရှိပြီး၊ လက်ရှိအချိန်ထိ ဒဏ်ရာရသူများ ဆက်တိုက်ရှိနေသေးကြောင်းလည်း သိရသည်။
“ အများဆုံး ကျဆုံးတာက လှိုင်သာယာ၊တောင်ဒဂုံပါပဲ” ဟု ၎င်း ကပြောသည်။
SHAN News (Burmese Version)
ရန်ကုန်မြို့နယ် တချို့ ပစ်ခတ်နေဆဲ
Reviewed by THITHTOOLWIN
on
03:48
Rating:

No comments:
Post a Comment