မြောက်ဒဂုံ ညသပိတ်ပစ်ခတ်ဖြိုခွင်းလို့တစ်ဦးသေဆုံး၊ ဒဏ်ရာရသူတွေရှိနေ

မြောက်ဒဂုံ မဟာမြိုင်အိမ်ရာ အနီးက ညသပိတ်

မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနီးရှိ မဝတလမ်းဆုံးမှာ ဒီကနေ့ မတ် ၁၄ရက်ညပိုင်းက ညသပိတ် ဆင်နွှဲနေတာကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူတစ်ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ အဲဒီနေရာမှာရောက်ရှိနေတဲ့မြောက်ဒဂုံအခြေစိုက် HSA လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

" ဆုံးသွားတဲ့တယောက်ကိုတော့ သွေးလူငယ်အသင်းကားနဲ့ အခုသယ်သွားပြီ။ ဆုံးတဲ့သူက လမ်းကြားထဲမှာမို့ လူနာကောက်လို့ရတယ်။ နောက်တယောက်လည်းထိတယ်။ လူတွေက မဆုတ်ကြဘူး။ အခုထိပစ်ခတ်နေကြတုံးပဲ။အခုက ဖုန်းတွေကိုလည်းစစ်လို့ အသင်းက သွားကူရင် ဖုန်းတွေထားပြီးသွားကြရတယ်။"လို့သူကပြောပြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြောက်ဒဂုံ ညသပိတ်ပစ်ခတ်ဖြိုခွင်းလို့တစ်ဦးသေဆုံး၊ ဒဏ်ရာရသူတွေရှိနေ  မြောက်ဒဂုံ ညသပိတ်ပစ်ခတ်ဖြိုခွင်းလို့တစ်ဦးသေဆုံး၊ ဒဏ်ရာရသူတွေရှိနေ Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.