အာဏာသိမ်းစစ်တပ်မှ ကေအဲန်ယူ - တပ်မဟာ ၅ ထိန်းချုပ်နယ်မြေကို လေယာဉ်ဖြင့်လာရောက်ပစ်ခတ်

၂၇ မတ်လ ၂၀၂၁ ခုနှစ်

ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ ည ၈းဝဝ နာရီ

ခန့်အချိန်တွင် ကေအဲန်ယူ - တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဒေပူနို နေရာကို  အာဏာသိမ်းစစ်တပ်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပါသည်။

ဖြစ်စဉ်မှာ ယနေ့တွင် အာဏာသိမ်းစစ်တပ်၏ သီးမူထာ အခြေစိုက်တပ်စခန်းကို ကေအဲန်ယူ - တပ်မဟာ ၅ မှ တိုက်ခိုက်သိမ်းယူပြီးနောက် အာဏာသိမ်းစစ်တပ်သည် ကေအဲန်ယူ - တပ်မဟာ ၅ ၏ ထိန်းချုပ်နယ်မြေကိုလေယာဉ်ဖြင့် လာရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

ထိုစဉ်တွင် ဝီးကလိုရွာမှ ရွားသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ည ၈းဝဝ နာရီ အချိန်ခန့်တွင် လေယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုပြုသောကြောင့် ဒေပူနို ရွာသူရွာသားမျာနှင့်တကွ အခြားဒေသခံပြည်သူလူထုများလဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ

အာဏာသိမ်းစစ်တပ်မှ ကေအဲန်ယူ - တပ်မဟာ ၅ ထိန်းချုပ်နယ်မြေကို လေယာဉ်ဖြင့်လာရောက်ပစ်ခတ် အာဏာသိမ်းစစ်တပ်မှ ကေအဲန်ယူ - တပ်မဟာ ၅ ထိန်းချုပ်နယ်မြေကို လေယာဉ်ဖြင့်လာရောက်ပစ်ခတ် Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.