ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ပြော

မြန်မာ နိုင်ငံမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်တာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ထပ်မံပြစ်တင် ရှုတ်ချခဲ့ပါတယ်။

မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိင်ငံစလုံးက တစ်လအတွင်း ဒုတိယအကြိမ်မြောက် ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်

လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို စစ်တပ်က အလေးအနက်အထားလိုက်နာပြီး၊ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က လေးစားဖို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မနေ့က အခုလို ပြောပါတယ်။

"ကုလသမဂ္ဂရဲ့ ကြေညာချက်ကြောင့် မြန်မာစစ်တပ်အနေနဲ့ အမှားအမှန် ခွဲခြားနိုင်တဲ့ အသိစိတ် ပိုရလာမယ်လို့ မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံမှာ ထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးရေးက မလုပ်မဖြစ် လုပ်ရမှာပါ။ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားလိုက်နာဖို့၊ ဒီမိုကရေစီ အသွင်ပြောင်းကာလက အခြေအနေကို ပြန်ရောက်အောင် ပြန်လုပ်ပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို မကျင့်သုံးနိုင်သေးပါဘူး။ ကဏ္ဍ အတော်များများကို စစ်တပ်က ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အခြေအနေမျိုးမှာ ဘာ့ကြောင့် အာဏာသိမ်းခဲ့တာလဲဆိုတာက နားလည်ရ သိပ်ကို ခက်ပါတယ်။ အထူးသဖြင့် တိုင်းပြည်ကို အများစု ထိန်းချုပ်ထားတဲ့သူတွေက ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်လို့ ပြောလာတာဟာ နားမလည်နိုင်စရာပါ။ ဒီလို ချို့ယွင်းလစ်ဟာမှုတွေ ရှိနေပေမဲ့လည်း စစ်အာဏာမသိမ်းမီက အခြေအနေကို မြန်မာနိုင်ငံ ပြန်ရောက်ဖို့က သိပ်ကို အရေးကြီးပါတယ်။"


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ပြော  ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ပြော Reviewed by THITHTOOLWIN on 08:28 Rating: 5

No comments:

Powered by Blogger.