အမေရိကန် စစ်ဖက်ပို့ဆောင်ရေးလေယာဉ်တစီး ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့


(၁၃/၃/၂၀၂၁)

ဒီကနေ့ နေ့လယ်ပိုင်း (၃ နာရီခွဲဝန်းကျင်က) အမေရိကန်သံရုံးဝန်ထမ်းတွေအတွက်လို့ယူဆရတဲ့ အမေရိကန်လေတပ်က စစ်ဖက်ပို့ဆောင်ရေးလေယာဉ်တစီးဆိုက်ရောက်လာတယ်လို့ ရန်ကုန် လေဆိပ်တာဝန်ကျအရာရှိတဦးကပြောပါတယ်။ 

လေဆိပ်မှာ (၁) နာရီခွဲနီးပါး ရပ်နားပြီး ဘန်ကောက်ကို ဆက်ပျံသွားတယ်လို့ ယူဆကြောင်း ပြောပါတယ်။ သံရုံးအတွက် လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေလာပို့တာလို့ သူက ယူဆပါတယ်။ ရန်ကုန်လေဆိပ်ကနေ သံရုံးဝန်ထမ်းမိသားစုတွေ ပြန်လိုက်ပါသွားတာရှိမရှိတော့ အဆိုပါ လေဆိပ်တာဝန်ကျအရာရှိက သူ သတိမထားမိကြောင်းပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

အမေရိကန် စစ်ဖက်ပို့ဆောင်ရေးလေယာဉ်တစီး ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ အမေရိကန် စစ်ဖက်ပို့ဆောင်ရေးလေယာဉ်တစီး ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ Reviewed by THITHTOOLWIN on 04:21 Rating: 5

No comments:

Powered by Blogger.