လုံးခင်းကျေးရွာအုပ်စုမှ အမျိုးသားနှစ်ဦးအား စစ်တပ်မှလာရောက် ဖမ်းဆီး​ခေါ်ဆောင်သွား

မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင်  ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားနှစ်ဦးအား စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကြောင်း မိသားစုများထံမှ သိရသည်။

အဆိုပါအမျိုးသားနှစ်ဦး၏ နေအိမ်သို့ တပ်မ ၃၃ ဘက်တံဆိပ်အား ဝတ်ဆင်ထားသည့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့်ရောက်ရှိလာခဲ့ပြီး၊ခေါ်ဆောင်သွားခဲ့ခြင်းကြောင်း ခုလိုပြောပြသည်။

"နေအိမ်တွေထဲကိုလည်း ရှာဖွေသွားတယ်၊ဘယ်ကိုခေါ်သွားမှာလဲမေးတော့ ပြောမသွားခဲ့ဘူး"ဟု အဖမ်းဆီးခံရသည့် ကိုမျိုး၏ ဇနီးသည် ဒေါ်ခင်စန်းတင့်ကပြောသည်။

အဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုကျော်မျိုးဦး(ခ)ကိုမျိုးနှင့် ဦးမောင်ဌေးတို့နှစ်ဦးဖြစ်ပြီး၊ငြိမ်းချမ်းသာယာ​ကျေးရွာတွင် နေထိုင်သူများဖြစ်သည်။

ထို့​​ပြင် အဖမ်းဆီးခံရသူ နှစ်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်နှစ်ဦးဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

ဖားကန့်တွင်ယခုမတ်လအတွင်း စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ဆန္ဒဖော်ထုတ်သူ ပြည်သူရှစ်ဦးအား ဖမ်းဆီးအမှုဖွင့်လှစ် အရေးယူထားရှိကြောင်း သိရသည်။


သတင်း၊ဓါတ်ပုံ-နှောင်ရိုး

Kachin News Group

https://www.facebook.com/theKachinNews

လုံးခင်းကျေးရွာအုပ်စုမှ အမျိုးသားနှစ်ဦးအား စစ်တပ်မှလာရောက် ဖမ်းဆီး​ခေါ်ဆောင်သွား လုံးခင်းကျေးရွာအုပ်စုမှ အမျိုးသားနှစ်ဦးအား စစ်တပ်မှလာရောက် ဖမ်းဆီး​ခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 22:56 Rating: 5

No comments:

Powered by Blogger.