နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန် ရေကစားမဏ္ဍပ် နှင့် မန္တလေး သင်္ကြန် ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ်




နေပြည်တော်၊ မတ် ၂၆၊ ၂၀၂၁

နေပြည်တော် မြို့တော်ဝန် ရေကစားမဏ္ဍပ်ကြီးကို ပျဉ်းမနား - တောင်ညို ကားလမ်းဘေး နေပြည်တော် မြို့တော်ခန်းမ ရှေ့မှာ တည်ဆောက်နေတာကို ဒီနေ့ နေ့လယ်ပိုင်းက မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သတင်း - ကိုထွန်း (VOM)




မန္တလေး သင်္ကြန် ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ်


မန္တလေး၊ မတ် ၂၇၊ ၂၀၂၁

မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေရှိနေပေမယ့်လည်း နီးကပ်လာတဲ့ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲတော် ကျင်းပဖို့အတွက် မန္တလေးမြို့တော် စည်ပင် သာယာ ရုံးမှာ ဗဟိုမဏ္ဍပ် ဆောက်လုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က နိုင်ငံ့အာဏာ လွှဲပြောင်း ရယူပြီးနောက် နေ့စဉ် ရက်ဆက် ဆိုသလို ဆန့်ကျင် ဆန္ဒပြပွဲ များ ရှိနေပြီး ဆန္ဒပြပွဲများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲမှုများကြောင့် လူ သေဆုံး ဒဏ်ရာရမှုများ၊ ဖမ်းဆီး ခံရမှုများ လည်း ရှိနေဆဲ ဖြစ်ပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews


နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန် ရေကစားမဏ္ဍပ် နှင့် မန္တလေး သင်္ကြန် ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ် နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန် ရေကစားမဏ္ဍပ် နှင့်  မန္တလေး သင်္ကြန် ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.