လားရှိုး ညသံပုံးတီးမှုကြောင့် လက်ပစ်ဗုံးပစ်ခံရ



Share/Bookmark

သျှမ်းသံတော်ဆင့်၊ မတ် ၁၅ရက် 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့ (မတ် ၁၅)ရက် ည ၈နာရီကျော်တွင် သံပုံးတီး သည်ဟုဆိုကာ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်သွားကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်းလုံး ပြည်သူများသည် ည(၈)နာရီရောက်တိုင်း စစ်အာဏာရှင်ကို အလိုမရှိသည့် အနေဖြင့် သံပုံးတီး ဆန္ဒပြမှုကို ပြုလုပ်ကြသည်။

ထို့ကြောင့် ယနေ့ ည (၈)နာရီတွင်လည်း သံပုံတီးမှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၁၀) ကျောက်စိမ်းလမ်းထဲ သံပုံးတီးသည့် အိမ်ဘေး “ ပလောင်တောင်တန်း ”ကားဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ  အမိုးအနည်းငယ်ပျက်စီးသွားကြောင်း သိရသည်။

“ ည (၈)နာရီ သံပုံးတီးတဲ့အချိန်မှာ ကားတစီး နဲ့ ရောက်လာပြီး ဗုံးပစ်လိုက်တာပဲ။ အသံတော်တော်မြည်သွားတယ်။ အသံ တအုန်းအုန်းပဲ။ မီးပွင့်တာမြင်ရတယ်။ အသံ က ၄ချက်လောက် ကြားရတယ်” ဟု ထိုရပ်ကွက်တွင်နေထိုင်သည့် သူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ပစ်ဗုံးလာရောက်ပစ်သူသည် စစ်ဝတ်စုံ အပြည့်ဝတ်ဆင်လာသည့် သူများဖြစ်ကြောင်း၊ မည်သူ အဖွဲ့အစည်း လာရောက်ပစ်သည်ကို သေချာမသိရှိကြောင်းလည်း ၎င်းက ပြောပြသည်။

“ ဒါက သံပုံးတီးတဲ့သူတွေ နောက်မတီးအောင် ခြိမ်းခြောက်လိုက်တဲ့သဘောပဲ။ ညဆိုရင်လည်း ရဲကားတွေက နေရာတိုင်း လိုက်ပတ်နေတာ။ ပြည်သူတွေကို လိုက်ခြောက်နေတာပဲ” ဟု လားရှိုး ရက်ကွက် (၁၂)ဒေသခံ အမျိုးသမီး တဦး ကပြောသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ