မတ် ၃ ကျဆုံးသူတွေနာရေး နေရာအသီးသီးမှာ ကျင်းပ



Share/Bookmark
မုံရွာ ဆန္ဒပြပွဲအတွင်း ကျဆုံးခဲ့သူတဦးရဲ့ စျာပနမြင်ကွင်း။ (မတ် ၄၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ မနေ့က အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေအတွင်း သေဆုံးသွားသူတွေထဲက တချို့ကို ဒီကနေ့မှာပဲ သဂြိင်္ုလ်ကြပါတယ်။ မန္တလေးမြို့က သေဆုံးသွားတဲ့ မကြယ်စင် အပါအဝင် မုံရွာမြို့မှာ သေဆုံးသွားတဲ့ လူတချို့ကို ဒီကနေ့ နေ့လယ်ပိုင်းက သဂြိုင်္လ်ခဲ့ တာဖြစ်ပြီး ထောင်နဲ့ ချီတဲ့ ဒေသခံတွေက လိုက်ပါပို့ဆောင်ပေးကြတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

မုံရွာမြို့နယ်မှာ မနေ့က အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုအတွင်း သေဆုံးသွားသူ ကဗျာဆရာ ကေဇဝင်း အပါအဝင် လေးဦး ကို ဒီနေ့သဂြိ င်္ုလ်ခဲ့ပြီး ထောင်နဲ့ ချီတဲ့ ဒေသခံတွေ လိုက်ပါပို့ ဆောင်ခဲ့ကြတယ်လို့ စျာပနပို့ဆောင်ပေးခဲ့တဲ့ မုံရွာဒေသခံ တစ်ဦးက ပြောပါတယ်။

“တည်တည်ငြိမ်ငြိမ်ပါပဲဗျာ။ ရဲတွေ ဘာတွေလည်း မနှောင့်ယှက်ဘူး။ ဒီလိုပဲ မြို့ထဲပတ်ပြီး တော့ စကျင်း သုဿန်ဘက်ကို ခေါ်လာတာ။ သူတို့နေအိမ်တွေကနေ လမ်းမကြီးကနေ ထွက်ပြီးတော့ စကျင်းသုဿန်ဘက်ကို လာတာဗျာ။ လေးလောင်းပြိုင် ယူလာတာတော့ မဟုတ်ဘူး။ တစ် လောင်းစီ သူထွက်တဲ့ အချိန်နဲ့ သူထွက်တာဗျ။ အခုက ဒီနေ့က ငါးလောင်း သင်္ဂြုလ်တာဗျာ။ ငါးလောင်း ချတာမှာ... တစ်လောင်းက ဂူ မရှိလို့ မီးသဂြိ င်္ုလ်လိုက်တယ်။ ကိုကေဇဝင်း ကဗျာ ဆရာကို မီးသဂြိင်္ုလ်တာဗျ။ ကျန်တဲ့ လေးလောင်းကတော့ ဂူသွင်း လိုက်တာဗျာ။”

မုံရွာ ဆန္ဒပြပွဲအတွင်းကျဆုံးခဲ့သူတွေရဲ့ စျာပန မြင်ကွင်း။

မနေ့က မုံရွာမြို့နယ်မှာ အာဏာရှင် ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်းတွေဘက်က ပစ်ခတ်ဖြို ခွင်းခဲ့တာကြောင့် ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး အဲဒီထဲက ငါးဦးအလောင်းကို ဒီကနေ့ သဂြိင်္ုလ်ခဲ့တာပါ။ ကျန်တဲ့ သေဆုံးသူ လေးဦးကိုတော့ မနက်ဖြန်မှာ သဂြိုင်္လ်မှာဖြစ်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း အသက်ပေးလိုက်ရသူတွေအတွက် စိတ်မကောင်းပေမဲ့ အာဏာရှင် ဆန့်ကျင်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မုံရွာဒေသခံ တစ်ဦးက ပြောပါတယ်။

“မကျေနပ်ဘူးပေါ့ဗျာ။ အရွယ်ကောင်းလေးတွေ... ထွန်းတောက်ဖို့ပဲ ရှိတဲ့ဟာကြီးကို အညွန့် တလူလူနဲ့ တက်နေတာကြီးကိုး။ ဒီလိုကြီး ပေးဆပ်လိုက်ရတာကတော့ မကောင်းပါဘူးပေါ့ဗျာ။ နောက်ဆုတ်ဖို့ကတော့ မရှိပါဘူး။ အနိုင်ရတဲ့ အထိ ဆန္ဒပြမှာပဲ။”

ဒါအပြင့် မနေ့က မန္တလေးမြို့နယ်မှာလည်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုအတွင်း သေ ဆုံးခဲ့တဲ့ မကြယ်စင်ကိုလည်း ဒီကနေ့မှာပဲ သဂြိုင်္လ်ခဲ့ပြီး ဒေသခံ ထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ကြတာပါ။

အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေအတွင်းမှာ သေဆုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်ရပေမဲ့ တိုက်ပွဲအတွင်း သေဆုံးသွားသူတွေအတွက် အာဏာရှင်တွေကို ဆက်လက်ဆန့်ကျင်ရမှာဖြစ်တယ်လို့လည်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ကျော်ဦးက ပြောပါတယ်။

“ကြယ်စင်လို လူငယ်တွေ သေသွားတဲ့အတွက် တကယ်တော့ အသက်ပေးသွားတာပေါ့ နော်။ အသက်ပေးသွားတဲ့ နောက်ပိုင်းမှာပဲ သူ့ရဲ့ လှုပ်ရှားမှု ပုံလေးတွေ တက်လာတာ၊ နောက်သူ့မိသားစုရဲ့ ဘဝတွေကို သိလာရတဲ့ အခါကျတော့ ပိုပြီးတော့ ခံစားရတာပေါ့နော်။ အစောပိုင်းက ခံစားရတာထက် ပိုပြီးတော့ ခံစားရတာပေါ့။ အဲဒီလို နောက်ထက် ကြယ်စင်တွေ မကြွေဖို့ ဘယ်လို နည်းလမ်းနဲ့ ဒီအာဏာရှင်ကို တိုက်ရမလဲ ဆိုတဲ့ လမ်းကြောင်းပေါ့... အဲဒါကို ကျနော်တို့ စနစ်တကျ ပြင်ဆင်သင့်ပြီလို့ ယူဆပါတယ်။ ဒီအသက်ပေးသွားတာဟာ နိုင်ငံအတွက် ပေးသွားတာ။ ဆိုတော့ ကျနော်တို့ အခုတိုက်နေတဲ့ တိုက်ပွဲက ပြီးတဲ့အထိ၊ ဆုံးသည်အထိ၊ အောင်နိုင်တဲ့အထိ တိုက်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ပေါ့ သူတို့အပေါ် သစ္စာရှိရမယ်လို့ ကျနော်ယူဆပါတယ်။”

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာမြို့နယ်မှာလည်း မနေ့က အာဏာရှင် လှုပ်ရှားမှူ အတွင်း သေဆုံးသူ အများအပြားရှိခဲ့ပြီး သေဆုံးသူတွေအတွက် ရည်စူးပြီး တရားနာကောင်း မှုကုသိုလ် ပြုလုပ်ခဲ့ကြပါတယ်။ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်း လိုက်တဲ့ နောက်ပိုင်းကစ ဒီကနေ့အထိ နိုင်ငံအနှံ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက် ဖြစ်ပေါ်နေတာပါ။ 


သက်နိုင်/ VOA Burmese

https://burmese.voanews.com/a/funeral-procession-for-protesters/5801593.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ