စမ်းချောင်းမှာည ၁၁ နာရီ အထိ ဆန္ဒပြနေ



ညမထွက်ရအမိန့် ထုတ်ထားပေဲ့ဲ့ ညနက်တဲ့အထိ စမ်းချောင်းမှာ ဆန္ဒပြပွဲတွေဆက်ရှိ လုံထိန်းတွေရပ်ကွက်ထဲကမပြန်ဘဲ ဆန္ဒပြသူတွေကိုစောင့်ဖမ်းဖို့မပြန်တဲ့ကိစ္စကစလို့ ညနေကထဲက စမ်းချောင်းမှာဆန္ဒပြနေကြတာ အခု ၁၁ နာရီအချိန်အထိဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို လက်ခံထားတဲ့အိမ်တွေကို ဧည့်စာရင်းဝင်စစ်ပြီးဖမ်းမယ့်သတင်းတွေကြောင့် ညမထွက်ရအမိန့်ထုတ်ထားပေမယ့်လို့ စမ်းချောင်းမှာ ဆန္ဒပြနေကြတာပါ။

လုံထိန်းတွေက အသံဗုံးတွေနဲ့ဆက်တိုက်ဖြိုခွင်းပေမယ့် အိမ်ပေါ်မတက်ဘဲဆန္ဒဆက်ပြနေကြတာဖြစ်ပါတယ်။

စမ်းချောင်းသတင်းကြောင့် တခြားမြို့နယ်တွေမှာလည်း ညမထွက်ရအမိန့် ထုတ်ထားပေမယ့် လမ်းအလိုက်၊ရပ်ကွက်အလိုက် ဆန္ဒပြပွဲတွေဆက်ရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

စမ်းချောင်းမှာည ၁၁ နာရီ အထိ ဆန္ဒပြနေ စမ်းချောင်းမှာည ၁၁ နာရီ အထိ ဆန္ဒပြနေ Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.