ကျောက်ပန်းတောင်းမှာ တပ်ဖွဲ့ဝင်တစ်ဦး တိုက်ခိုက်ခံရပြီးသေဆုံး


မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ စည်ပင်ရုံးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး မတ်လ ၂၀ ရက်နေ့က ဆိုင်ကယ်စီးလာသူတစ်ဦး ကိုစစ်ဆေးစဥ် မှာ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မတ်လ ၂၁ ရက်နေ့ ည ၈နာရီ ရုပ်မြင်သံကြားသတင်းမှာထုတ်လွှင့်သွားခဲ့ပါတယ်။

သေဆုံးခဲ့သူ တပ်ဖွဲ့ဝင် စစ်သားဟာလုံခြုံရေးဆောင်ရွှက်ပြီး ဆိုင်ကယ်ကို စစ်ဆေးနေစဥ် တုံးသောအရာနဲ့ အခြားဆိုင်ကယ်တစ်စီးနဲ့မောင်းဝင်လာပြီး တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာပါပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်ကို တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးရေးဆောင်ရွှက်စဥ်မှာ ကျောက်ပန်းတောင်း ပြည်တော်သာရပ်ကွက် ကျောက်ပန်းတောင်း ပုပ္ပါး ကားလမ်းမှာ ဆိုင်ကယ်တစ်စီးကို ရပ်ခိုင်းရာမရပ်ဘဲ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကျောတ်ပန်းတောင်းဒေသခံတွေဆီက သတင်းကတော့ မတ်လ ၂၀ ရက်နေ့က မနေ့ညက ပစ်ခတ်ခံရပြီးသေဆုံးခဲ့သူဟာ စစ်တပ်အဖွဲ့ဝင်တစ်ဦးရဲ့သားဖြစ်ပြီး ဆိုင်ကယ်ရပ်ခိုင်းတာကို မရပ်ဘဲ မောင်းတဲ့ အတွက် အပစ်ခံရတာဖြစ်တယ်လို့လည်းသိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ကျောက်ပန်းတောင်းမှာ တပ်ဖွဲ့ဝင်တစ်ဦး တိုက်ခိုက်ခံရပြီးသေဆုံး ကျောက်ပန်းတောင်းမှာ တပ်ဖွဲ့ဝင်တစ်ဦး တိုက်ခိုက်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 10:05 Rating: 5

No comments:

Powered by Blogger.