စစ်အာဏာသိမ်းမှုကြောင့် နေရပ်မပြန်ရဲတဲ့ မြန်မာနိုင်ငံသားတွေ အမေရိကန်ကူဖို့စီစဉ်



Share/Bookmark
အမေရိကန်နိုင်ငံသားအဖြစ်ကျမ်းကျိန်သူများ (ဓာတ်ပုံ-AP)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် နေရပ်မပြန်ရဲကြတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်က အကာအကွယ်ပေးဖို့ ပြင်ဆင်နေကြောင်း အမေရိကန်သတင်းဌာန NPR က အစိုးရတာဝန်ရှိသူတဦးကို ကိုးကားပြောဆိုလိုက်ပါတယ်။

အမေရိကန်မှာ ရောက်နေပြီးသား မြန်မာနိုင်ငံသား ၁၆၀၀ လောက်အတွက် အကျုံးဝင်နိုင်မယ့် အစီအစဉ်အရ အမေရိကန်မှာ တနှစ်ခွဲအထိ တရားဝင် နေထိုင်အလုပ်လုပ်ခွင့်ရမှာ ဖြစ်ကြောင်းလည်း အမည်မဖော်လိုသူ အစိုးရအရာရှိကို ကိုးကားပြီး သတင်းက ဖော်ပြခဲ့တာပါ။ အမေရိကန်မှာ လတ်တလော ဘယ်လိုပုံစံနဲ့ နေထိုင်သူတွေကို လက်ခံမှာလည်း ဆိုတာကိုတော့ တိတိကျကျ မသိရကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်နဲ့ နောက်ဆက်တွဲ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေအတွက် အမေရိကန်က မြန်မာစစ်တပ် ထိပ်တန်းအရာရှိတွေနဲ့ မိသားစုဝင်တွေကို အရေးယူ ဒဏ်ခတ်မှုတွေ ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံသားတွေကို အကူအညီပေးဖို့ စီစဉ်နေတဲ့ သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/Myanmar-citizen-American-immigration-allows-application-myanmar-coup/5812943.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ