အောင်ပန်းမြို့ပေါ်က ပစ်ခတ်မှု သေဆုံးသူ ၈ ဦးအထိရှိလာ


အောင်ပန်းမြို့ပေါ်မှာ ဒီနေ့ မတ်လ ၁၉ ရက် အစောပိုင်းကတည်းက စတင်ပြီး စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၈ ရှိလာပြီလို့ မျက်မြင်တွေနဲ့ ကူညီပေးနေသူတွေကပြောပါတယ်။

'လောလောဆယ် ကျနော်တို့ သေဆုံးသူ အလောင်း ၆ လောင်းကို ကောက်ထားရတယ်။ နောက်ထပ် အလောင်း ၁ လောင်းကိုတော့ သက်ဆိုင်ရာအိမ်ကို ပို့ပေးခဲ့ပြီးပြီ။ ဆေးရုံကို ပထမပို့ထားတဲ့ ဒဏ်ရာရသူ ၂ ယောက်ထဲက ၁ ယောက်ဆုံးသွားပြီလို့ သိရတယ်။ လောလောဆယ်ဆို ဆုံးသူ ၈ ယောက်ပေါ့။ ဒဏ်ရာရသူတချို့ကို သူတို့ (စစ်တပ်) ဘက်က သယ်သွားတာလည်းရှိတယ်' လို့ ဒဏ်ရာရသူတွေကို ဆေးရုံ ကူပို့ပေးနေသူတွေက အတည်ပြုပါတယ်။

ကလောဆေးရုံကို ပထမတစ်ခေါက်ပို့တဲ့ လူနာ ၁ ဦးဟာ စိုးရိမ်ရပြီး ဒုတိယတစ်ခေါက် ပို့ထားတဲ့လူနာ ၆ ဦးထဲက ၁ ဦးလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကားအစီး ၂၀ ကျော်နဲ့ နေ့လည် ၂ နာရီ ဝန်းကျင်မှာ ပြန်စုနေပြီး ရပ်ကွက် ၁ ထဲမှာရှိနေတုန်းလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတချို့ ရှိတယ်လို့ မြို့ခံတွေက ပြောပေမဲ့ ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

အောင်ပန်းမှာ ဒီနေ့မြို့နယ်လူထုဆန္ဒပြပွဲဟာ ချီတက်ဖို့ လူစုနေတုန်းမှာပဲ ဖြိုခွင်းခံခဲ့ရတာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

အောင်ပန်းမြို့ပေါ်က ပစ်ခတ်မှု သေဆုံးသူ ၈ ဦးအထိရှိလာ  အောင်ပန်းမြို့ပေါ်က ပစ်ခတ်မှု သေဆုံးသူ ၈ ဦးအထိရှိလာ Reviewed by THITHTOOLWIN on 20:45 Rating: 5

No comments:

Powered by Blogger.