စစ်တပ်က အလောင်းတွေဖျောက် အလောင်းတွေတောင်းနေတာရိုးသားရဲ့လား


(၁၇/၃/၂၀၂၁)

ညဖမ်း မနက်အလောင်းပြန်ပို့ ။ မနက်ဖမ်း ည အလောင်းပြန်ပို့နေတာတွေ။ ပစ်သတ်လို့ သေနေတဲ့အလောင်းကို မိသားစုတွေဆီက ခြိမ်းခြောက်ပြန်တောင်းနေတာတွေဟာ လူ့အခွင့်အရေးချိုးဖေါက်မှုထက်ဆိုးတဲ့ လူမဆန်မှုတွေလုပ်နေတဲ့အနေအထားလို့ ရန်ကုန်က မှူခင်းဆရာဝန်ကြီးတဦးက သုံးသပ်ပါတယ်။ လူကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်တာသာမက အထဲက နှလုံး ကျောက်ကပ် အသည်း စတာတွေကိုပါ ထုတ်ယူနေတယ်လို့ သံသယရှိကြောင်းသူက ပြောပါတယ်။ 

အလောင်းပြန်ရသူတွေကိုကြည့်ရင် ရင်ကို သေချာခွဲစိပ်တာတွေတွေ့ရတယ်ဆိုပါတယ်။ အခုလို ဝရုန်းသုံးကားပစ်ခတ်နေချိန်မှာ စစ်တပ်က အချိန်ယူပြီး ခွဲစိပ်စစ်ဆေးပြီးမှ ပြန်ပို့နေတာဟာ ထူးခြားနေတယ်လို့ သူက ဆက်ပြောပါတယ်။ လူသေကို ခွဲစိပ်စစ်ဆေးတယ်ဆိုတာက ဘာကြောင့် ဘာရောဂါနဲ့သေတယ်ဆိုတာသိဖို့ ဆရာဝန်တွေက အချိန်ယူစစ်ဆေးရတာဆိုပါတယ်။ စစ်ဆေးပြီး တွေ့ရှ်ချက်ကို ဆေးမှတ်တမ်းထုတ်ပေးရတာလို့ လည်း မှူခင်းဆရာဝန်ကြီးက ရှင်းပြပါတယ်။ အခုက သူတို့ပစ်သတ် ရိုက်သတ်ပြီးမှ ခွဲစိပ်စစ်ဆေးတာဟာ ပုံမှန်မဟုတ်သလို ဘယ်သူက ခွဲစိပ်မှန်းလဲမသိ ဆေးစစ်ချက်မပါပဲပြန်ပို့နေတာဟာ လုးဝ မူ မမှန်ဘူးလို့ သူက ယုံကြည်ပါတယ်။


အိမ်နီးချင်းတရုတ်နိင်ငံမှာ ခန္နာကိုယ်လှူဒါန်းသူတွေနဲ့ လူနာမမျှလို့ အကျဉ်းထောင်တွေထဲမှာ သေသွားတဲ့အကျဉ်းသားခန္ဒာကိုယ်တွေထဲက အစိတ်အပိုင်းတွေ ထုတ်ယူခွင့်ပြုခဲ့တာရှိသလို ခန္နာကိုယ်အစိတ်အပိုင်းရောင်းဝယ်မှူစျေးကွက်ဟာ တနှစ်ကို ဒေါ်လာ (၁) ဘီလျံဖိုးဝန်းကျင်ရှိနေတယ်ဆိုပါတယ်။ တရုတ်အစိုးရကတော့ အဲဒါတွေကို ငြင်းဆိုထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

စစ်တပ်က အလောင်းတွေဖျောက် အလောင်းတွေတောင်းနေတာရိုးသားရဲ့လား စစ်တပ်က အလောင်းတွေဖျောက် အလောင်းတွေတောင်းနေတာရိုးသားရဲ့လား Reviewed by THITHTOOLWIN on 06:34 Rating: 5

No comments:

Powered by Blogger.