ဒလမြို့နယ်မှာ မတ် ၂၆ညပိုင်းပစ်ခတ်မှုတွေကြောင့် ၅ ဦးထက်မနည်းသေဆုံး

ကျည်ထိမှန်ကွယ်လွန်သူတစ်ဦး


ရန်ကုန်တိုင်း ဒလမြို့နယ်မှာ မတ်ည၂၆ရက် ညပိုင်းက ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ၅ ဦးထက်မနည်းရှိခဲ့ပြီး ကျည်ထိမှန်ဒဏ်ရာရသူ ၂၀ထက်မနည်းရှိခဲ့တယ်လို့ ဒလမြို့ခံတွေထံကသိရပါတယ်။သမ္မတကမ်းခြေရပ်ကွက်ရှိ အမျိုးသမီးငယ်၂ ဦး အဖမ်းခံရတာကနေ ပြန်လွှတ်ပေးဖို့တောင်းဆိုရာက ရဲစခန်းအနီးလူစုလူဝေးနဲ့ဖြစ်ပေါ်ခဲ့ပြီး ရဲနဲ့တပ်ပူးပေါင်းအဖွဲ့က ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

"ညနေက ဖြစ်တဲ့ကိစ္စနဲ့ တပ်ကူတွေလာတယ်ဆိုတဲ့သတင်းတွေကြားပြီး လူတွေမအိပ်ကြပဲ ရဲစခန်းနားတဝိုက် ဒိုင်လမ်းတစ်လျှောက်နဲ့ အဲဒီနားမှာ လူတွေကစုကုန်လာကြတာ။ ၁၂လောက်မှာ စပစ်တော့တာပဲ။ ပစ်တာက၂နာရီခွဲလောက်ထိရှိတယ်။ လူတွေကတစ်ယောက်ထိသွားလည်း နောက်ဆုတ်မသွားဘဲ ထပ်ထပ်တိုးကြတာ။ တွန်းလှည်းနဲ့သဲအိတ်တွေတင် ကာပြီးသွားတာကို ကြားကလွတ်တဲ့နေရာကို ထိအောင်ပစ်တာ"

"သေဆုံးသူက အခုထိ သိရသလောက်က ကျန်စစ်သားရပ်ကွက်က အသက် ၁၉အရွယ် တယောက် ၄၆နှစ်ကတယောက် တပင်ရွှေထီးက ၂၃နှစ်တယောက်။ သေတာက အမျိုးသားတွေချည်းပဲ"လို့ ညကပစ်ခတ်မှုတွေကို ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

ဒါ့အပြင် ကျည်ထိမှန်ဒဏ်ရာရသူအချို့မှာလည်း ဆေးကုသဖို့ မရနိုင်သေးတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

"ညကတော့ ရန်ကုန်ဘက်ခြမ်းကို ပို့ရတာ ၁၀ယောက်ကျော်ရှိတယ်။ ဒလဆေးရုံကြတော့ ရဲစခန်းနားကပ်နေတာဆိုတော့ လူတွေ့တာနဲ့ကိုပစ်နေတော့ ဒလဆေးရုံကိုလည်း ပို့မရဘူး"လို့ ဒလမြို့ခံတစ်ဦးကပြောပြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ဒလမြို့နယ်မှာ မတ် ၂၆ညပိုင်းပစ်ခတ်မှုတွေကြောင့် ၅ ဦးထက်မနည်းသေဆုံး ဒလမြို့နယ်မှာ မတ် ၂၆ညပိုင်းပစ်ခတ်မှုတွေကြောင့် ၅ ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 18:09 Rating: 5

No comments:

Powered by Blogger.