မုံရွာ၊မတ်-၁၄
မုံရွာမြို့နယ် တောပုရွာတွင် ယမန်နေ့က ဒေသခံနှစ်ဦးဖမ်းခံရပြီး လူရာချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ဆက်သွယ်ပြောကြားသည်။
၎င်းတို့ပြောကြားချက်အရ ကျေးရွာဘုန်းကြီးကျောင်းပိုင် ပစ္စည်းများကို ဖျက်ဆီးသည်ဟု ဆိုကာ စစ်တပ်နှင့်ရဲမှ လာရောက်ဖမ်းခြင်းဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
ယမန်နေ့ကစပြီး ရွာကို ရဲနဲ့စစ်တပ်မှ လာရောက်စောင့်ကြည့်နေ၍ ရွာခံအချို့စိုးရိမ်မှုရှိနေကြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကနဦးရရှိသော သတင်းအချက်အလက်ဖြစ်ပြီး ထပ်မံရရှိရန် မုံရွာဂေဇက်က စုံစမ်းနေဆဲ ဖြစ်သည်။
Monywa Gazette
မုံရွာ တောပုရွာ ဒေသခံနှစ်ဦးဖမ်းခံရပြီး လူရာချီတိမ်းရှောင်နေရ ဟုဆို
Reviewed by THITHTOOLWIN
on
22:29
Rating:

No comments:
Post a Comment