ဒေါက်တာဝင်းမြတ်အေးကို အမှုတစ်ခုထပ်တိုး

ဒေါက်တာဝင်းမြတ်အေးကို အမှုတစ်ခုထပ်တိုး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး။ Photo: AFP

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို နောက်ထပ်အမှုတစ်ခု ထပ်တိုးဖွင့်ထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းဌာနကနေ မတ်လ ၈ ရက် ဒီကနေ့ ညပိုင်းမှာ ကြေညာပါတယ်။

ဒေါက်တာ ဝင်းမြတ်အေးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စာရင်းဇယားတွေနဲ့ ရုံးလုပ်ငန်းကိစ္စရပ်တွေကို လာရောက်ဖြေရှင်းရန် ပျက်ကွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အမှုတစ်ခု ထပ်တိုးဖွင့်လိုက်တာဖြစ်ပါတယ်။

ဒေါက်တာ ဝင်းမြတ်အေးကို အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ အစိုးရဝန်ထမ်းတွေ ပါဝင်အောင် လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ စစ်ကောင်စီက တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲ့ဒီနောက် ဒေါက်တာဝင်းမြတ်အေးအပါအဝင် ဝန်ကြီး ၄ ဦးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လွတ်လာပြီးနောက် လက်ရှိအချိန်ထိ ဒေါက်တာဝင်းမြတ်အေးဟာ တိမ်းရှောင်နေတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-coup-dr-winmyataye-03082021115702.html

ဒေါက်တာဝင်းမြတ်အေးကို အမှုတစ်ခုထပ်တိုး  ဒေါက်တာဝင်းမြတ်အေးကို အမှုတစ်ခုထပ်တိုး Reviewed by THITHTOOLWIN on 01:26 Rating: 5

No comments:

Powered by Blogger.