လားရှိုးမှာ ဆန္ဒပြပြည်သူတွေကို လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ပါလိုက်တိုက်







မတ်လ ၂၃ - ၂၀၂၁

လားရှိုးမှာ ဆိုင်ကယ် သပိတ်စစ်ကြောင်း ချီတက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ လိုက်တိုက်တာ ခံရတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။

သပိတ်စစ်ကြောင်းမှာပါ၀င်တဲ့ အမည်မဖော်လိုသူ တစ်ဦးက "သုံးထောင့်နားမှာ ရဲကားတွေက ရှေ့ကနေ ပြောင်းပြန် ပိတ်ထားတာ။ နောက်ကနေ Wish ကားက ဆိုင်ကယ်သပိတ်မှာ ပါဝင်တဲ့ ဆိုင်ကယ်တစ်စီးကို ဝင်တိုက်သွားတယ်။ ဆိုင်ကယ်စီးတဲ့ သူ ၂ ယောက်ကိုလည်း ဖမ်းမလို့။ ရပ်ကွက်ထဲ ပြေးသွားလို့ မမိဘူး။ အရပ်ဝတ်နဲ့ လူက သေနတ်ပါတယ်။  ဆိုင်ကယ်လည်း သူတို့ ယူသွားတယ်" လို့ ပြောပါတယ်။ 

ရဲနဲ့ စစ်တပ်က လိုက်လံ ပိတ်ဆို့ဖမ်းဆီးပြီး အသံဗုံး၊ မျက်ရည်ယိုဗုံးတို့နဲ့ ဖြိုခွင်းတာတွေကြောင့် ဆိုင်ကယ် အင်အား ၃၀ ခန့်ရှိတဲ့ သပိတ်စစ်ကြောင်း လူစုခွဲခဲ့ရပြီး အနည်းဆုံး လူ ၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

လားရှိုးမှာ ဆန္ဒပြပြည်သူတွေကို လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ပါလိုက်တိုက် လားရှိုးမှာ ဆန္ဒပြပြည်သူတွေကို လိုက်လံဖြိုခွင်း ဖမ်းဆီးတဲ့အပြင် ကားနဲ့ပါလိုက်တိုက် Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.