တာမွေ သပိတ်စစ်ကြောင်းက လူငယ်တွေ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွတ်


မတ်လ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့နေရာအနှံ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြိုခွင်းရာက ဖမ်းဆီးခံရပြီး အင်းစိန်အကျဉ်းထောင်မှာ ၁ ပတ်ကျော် ထိန်းသိမ်းခံခဲ့ရတဲ့ အသက် ၁၈ နှစ် အောက်လူငယ်တွေ ဒီနေ့မှာ ခံဝန်နဲ့ပြန်လွတ်လာပါတယ်။

တာမွေသပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့လူငယ်ရာချီထဲက အသက်မပြည့်သေးသူ လူငယ် ၅၀ နီးပါး ဒီနေ့ မတ်လ ၁၁ ရက် ညနေ တာမွေရဲစခန်းကို ပြန်ရောက်နေပြီး ဆက်ဆိုင်ရာ ဆွေမျိုးမိဘတွေက လာခေါ်နေပါတယ်။

ပါရမီမှာ ဆန္ဒပြရင်း အဖမ်းခံရတဲ့ လူငယ်တချို့လည်း ဒီညနေမှာလှိုင်ရဲစခန်းကနေတဆင့်ပြန်လွတ်လာပါတယ်။

မြောက်ဥက္ကလာ သပိတ် ဖြိုခွင်းခံရချိန် အဖမ်းခံခဲ့ရတဲ့ အသက်မပြည့်သေးသူတချို့လည်း သက်ဆိုင်ရာ နယ်မြေရဲစခန်းဖြစ်တဲ့ မြောက်ဥက္ကလာရဲစခန်းကနေတဆင့် ပြန်လွတ်လာတယ်လို့လည်း သိရပါတယ်။

ဒီကနေ့အထိ ဆန္ဒပြသူ ၁၁၀၀ ကျော်ကို ပြန်လွှတ်ခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

တာမွေ သပိတ်စစ်ကြောင်းက လူငယ်တွေ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွတ်  တာမွေ သပိတ်စစ်ကြောင်းက လူငယ်တွေ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွတ် Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.