နိုင်ငံတော်သံဃမဟာနယက အဖွဲ့ လုပ်ငန်းတွေရပ်တော့မယ်


နိုင်ငံတော် သံဃမဟာနယက အဖွဲ့ဟာ သူရဲ့လုပ်ငန်းတာဝန်တွေဆောင်ရွှက်လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းတော့မယ်လို့ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ ၄၇ ပါးစုံညီ ဆုံးဖြတ်ခဲ့ကြောင်း အဖွဲ့ဝင်ဆရာတော် တွေထံကနေသိရပါတယ်။

လက်ရှိအချိန်ကစပြီး နိုင်ငံရေးတင်းမာမှုတွေလျော့ပြီး ပြည်သူတွေလွတ်လပ်စွာ သွားလာလှုပ်ရှားဖောက်ကားရောင်းဝယ်နိုင်တဲ့ အချိန်အထိ နဲ့ ကိုဗစ် ကပ်ရောဂါ မြန်မာနိုင်ငံမှာ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က အသိအမှတ်ပြုထောက်ခံချက်ရတဲ့ အချိန်အထိ လုံးဝရပ်ဆိုင်းထားမယ်လို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံ အတွင်းလက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်လူနည်းစုက လူများစုကို အကြမ်းဖက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့ကို လည်းဆရာတော်ကြီးတွေက မေတ္တာရပ်ခံ ဖို့ သဘောတူခဲ့တယ်လို့လည်း အစည်းအဝေး တက်ရောက်ခဲ့သူဆရာတော်တွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

နိုင်ငံတော်သံဃမဟာနယက အဖွဲ့ လုပ်ငန်းတွေရပ်တော့မယ်  နိုင်ငံတော်သံဃမဟာနယက အဖွဲ့ လုပ်ငန်းတွေရပ်တော့မယ် Reviewed by THITHTOOLWIN on 00:01 Rating: 5

No comments:

Powered by Blogger.