ယုဇနဥယျာဉ်မြို့တော်‌တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် လူငယ်၂ဦး သေဆုံး




(၁၅/၃/၂၀၂၁)

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ မတ်လ(၁၅)ရက် နံနက်အစောပိုင်းက ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် လူငယ်၂ဦး သေဆုံးခဲ့ပါတယ်။ 

ဖြစ်စဉ်မှာသေဆုံးသူ၂ဦးထဲက တစ်ဦးဟာ အသက်၁၈နှစ်အရွယ် အမျိုးသား မောင်ခန့်အောင်ဖြိုးဖြစ်ပြီး နောက်တစ်ဦးမှာ ၂၁နှစ်အရွယ် မောင်နန္ဒဖြိုးအောင်တို့ပဲ ဖြစ်ပါတယ်။

သေဆုံးသူ၂ဦးအပြင် နောက်ထပ် ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

ဒီကနေ့မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီဟာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

ယုဇနဥယျာဉ်မြို့တော်‌တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် လူငယ်၂ဦး သေဆုံး ယုဇနဥယျာဉ်မြို့တော်‌တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် လူငယ်၂ဦး သေဆုံး Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.