ဒေါက်တာဆာဆာကိုဖမ်းဝရမ်းထုတ်

 ရန်ကုန်ည ဆန္ဒပြသူတွေက ဒေါက်တာဆာဆာပြောကြားချက်ကိုကြည့်နေစဥ်

ဒေါက်တာဆာဆာကို မြန်မာနိုင်ငံရဲအဖွဲ့က တရားစွဲထားကြောင်း မြန်မာ့ရုပ်မြင်သံကြားအစီအစဥ်က ည၈နာရီသတင်းမှာထုတ်ပြန် ကြေညာသွားပါတယ်။

ဒေါက်တာဆာဆာဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ကျူးလွန်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကခန့်ထားတဲ့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာထူးကိုလက်ခံဆောင်ရွက်ပြီ းအာဏာသိမ်းစစ်ကောင်စီကိုလည်း ဖြိုဖျက်ဖို့ကြိုးစားတဲ့အတွက် တရားစွဲဆိုတာလို့ဆိုပါတယ်။

စွဲဆိုတဲ့ပုဒ်မက ရာဇသတ်ကြီး ပုဒ်မ၁၂၂ ပုဒ်မခွဲ၂ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြစ်ပါတယ်။

ဒေါက်တာဆာဆာဟာ နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေကိုအကြမ်းမဖက် အာဏာဖီဆန်ရေးCDM လုပ်ဖို့တိုက်တွန်းတာ၊နိုင်ငံတကာကမြန်မာ့အရေးကိစ္စတွေမှာ လက်နက်နဲ့ဝင်ရောက်လာပြီးအများပြည်သူကို အကာအကွယ်ပေးဖို့R2P Responsibility to Protect ကိုတောင်းဆို တိုက်တွန်းတာ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သွားရောက်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့လို့ အခုလိုရဲအဖွဲ့ကတရားစွဲဆိုတာလို့ဆိုပါတယ်။

သူ့ကို ဖမ်းမမိသေးတဲ့အတွက် ဖမ်းဝရမ်းထုတ်ထားတယ်လို့ဆိုပါတယ်။

ဒေါက်တာဆာဆာကိုပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီCRPH က ဖေဖော်ဝါရီလ၂၂ရက်နေ့မှာ ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ခန့်ထားခဲ့တာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ဒေါက်တာဆာဆာကိုဖမ်းဝရမ်းထုတ်  ဒေါက်တာဆာဆာကိုဖမ်းဝရမ်းထုတ် Reviewed by THITHTOOLWIN on 23:50 Rating: 5

No comments:

Powered by Blogger.