ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ကြေညာချက်အမှတ်၊ (၁၂ /၂၀၂၁)

၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်

(၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်)

================

ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အုပ်စုက အဓမ္မနည်း ဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း မန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

၂။ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားသည့်အတွက် နိုင်ငံတော်သမ္မတ က တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် အခြေအနေမရှိသည့်ကာလတွင် ခေတ္တ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတ၏ တာဝန်များကိုပါ ထမ်းဆောင်ရန် တာဝန် အပ်နှင်းလိုက်သည်။ 

(ပုံ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


National League for Democracy

https://www.facebook.com/nldparty

ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း Reviewed by THITHTOOLWIN on 19:39 Rating: 5

No comments:

Powered by Blogger.